address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, September 6, 2013

KNU ငြိမ်းချမ်းရေးအဖွဲ့မှ နံပါတ်တပ်ဆင်ထားသော ယာဉ်သုံးစီးအား တနင်္သာရီတိုင်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထား

6.9.2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ပေါ်တွင် သွားလာနေသော K7။---နံပါတ်ပါ ကားသုံးစီးအား စက်တင်ဘာလ ၄ ရက်က ထားဝယ်မြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

၎င်းကားများမှာ K7။၀၅၆ မှ K7။၀၅၈ အထိ နံပါတ်ပါကား သုံးစီးဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ပိုင် ကားများဖြစ်ကြောင်း ကနဦး သတင်းအရ သိရသည်။

အဆိုပါကားများ ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ တနသာင်္ရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ''အဲဒီကားတွေကို စက်တင်ဘာ ၄ ရက်က ထိန်းသိမ်းထားတာပါ။ Without ကား ဟုတ်မဟုတ် စိစစ်နေတုန်းပဲ။ က.ည.န ဆီက အတည်ပြုပြီးမှ တိုင်းဒေသကြီး အစိုးရဆီ တင်ပြပြီး ဆက်လုပ်ရမှာပါ။ လောလောဆယ်တော့ သတင်းလာပို့လို့ တွေ့တဲ့ကားတွေပဲ သိမ်းထားပါတယ်။ နောက်ထပ် ဘယ်လောက်ရှိမလဲတော့ မသိပါဘူး။ KNU ဘက်ကတော့ အစိုးရက သူတို့ကိုတရားဝင် သတ်မှတ်ချထား ပေးတဲ့ပစ္စည်း မဟုတ်ရင် သူတိုနဲ မသက်ဆိုင်ဘူး လို့ ပြောပါတယ်။ စိစစ်ပြီးလို့ အဖြေထွက်လာရင် အစိုးရအဖွဲ့ကနေ သက်ဆိုင်ရာ အဖွဲ့ကို ဆက်သွယ်ပြီး ဆွေးနွေး ရမှာပေါ့။ အခုလည်း ကားကိုပဲ ထိန်းသိမ်းထားပါတယ်။ လူကတော့ပြစ်မှု ကျူးလွန်ထားတာ မဟုတ်လို့ မဖမ်းထား ပါဘူး'' ဟု ပြောကြားခဲ့သည်။

၎င်းကိစ္စနှင့် ပက်သက်၍ KNU တပ်မဟာ(၄) ဆက်ဆံရေးရုံး(ထားဝယ်) ကို ဆက်သွယ်မေးမြန်းခဲ့ရာ ''အခုထိန်း သိမ်းထားတဲ့ ကားတွေက အစ်ကိုတို့  KNU တပ်မဟာ(၄) က ကားတွေမဟုတ်ပါဘူး။ အစ်ကိုတို့ဆီမှာ အစိုးရက ခွင့်ပြုထားပြီး က.ည.န က ထုတ်ပေးထားတဲ့ မြန်မာနံပါတ်နဲ့ ကားတွေပဲ ရှိပါတယ်။ အင်္ဂလိပ်နံပါတ်နဲ့ ကားတွေ မရှိ ပါဘူး။ အခြား KNU နယ်မြေတွေကလည်း မသုံးဘူး။ အခုသိမ်းထားတဲ့ K7။---နံပါတ်နဲ့ ကားတွေက အစိုးရနဲ့ ငြိမ်း ချမ်းရေးယူထားတဲ့ဘားအံKNUတပ်မဟာ(၇)နယ်မြေ ငြိမ်းချမ်းရေး ကောင်စီကနေ ထောက်ခံချက် ပေးထားတဲ့ကားတွေ ပါ။ သူတို့ပြတဲ့ ထောက်ခံစာထဲမှာ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်ဒေါက်တာတင်မိုးသီရဲ့ လက်မှတ်ပါတယ်။ အစ်ကို တို့ KNU နံမည်အောက်မှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့နဲ့အပစ်အခတ် ရပ်စဲထားတဲ့အဖွဲ့ဆိုပြီး ရှိပါတယ်။ အခုက အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ရဲ့ ကားတွေပါ။ ဒေသတွင်းမှာလည်း KNU အဖွဲ့ ရဲ့ကားဆိုပြီး ပုံမှားရိုက် တာတွေ လည်း ရှိနေပါတယ်။ အဲဒီကားတွေကြောင့် အဖွဲ့ရဲ့နံမည် အဖျက်ခံနေရပါတယ်။ အစ်ကိုဆီက အခြားနယ်မြေတွေ သွားရင်လည်း သက်ဆိုင်တဲ့ဌာနနဲ့ ဆက်ဆံရေးရုံးတွေကို အကြောင်းကြားပြီးမှ သွားပါတယ်'' ဟု KNU တပ်မဟာ(၄) ဆက်ဆံရေးရုံး (ထားဝယ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထားဝယ်ဒေသတွင်းရှိ KNU တပ်ဖွဲ့များ၏ ကားများမှာ သတ်မှတ်နံပါတ် မတပ်ဆင်၍ KNU ဌာနချုပ်ကို အကြောင်း ကြား ကန့် ကွက်ပြီး KNU ဌာနချုပ်မှအဆိုပါကားများကို ဖမ်းဆီးအရေးယူနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သြဂုတ် ၁၆ ရက်က တိုင်းဒေသကြီး ရဲမှူးကြီးကြည်လင်းက ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း ကလည်း KNU အမည်ခံ လူပို့ပေးနေသော without ကားတစ်စီးအား သရက်ချောင်းမြို့ တွင် ဖမ်းဆီးရမိခဲ့ဖူးပြီး အဆိုပါ ကားများမှာ KNU တပ်ဖွဲ့ ၏ အမည်ကို အသုံးပြု၍မောင်းနှင် အသုံးပြုနေသော ကားများဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment