address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 1, 2014

DKBA နောက်လိုက်ပါသွားသည့် သမီးကလေးရွာသားများ အဆင်မပြေ သဖြင့် နေရပ်သို့ပြန်




1.5.2014

ယခုနှစ် ဧပြီ ၂ရက်နေ့က DKBA အဖွဲ့မှ သမီးကလေး ကျေးရွာရှိ အိမ်ထောင်စု ၈၂ စုနှင့် လူဦးရေနှစ်ရာ ကျော် ကို ကရင်တိုင်းရင်းသား အချင်းချင်း အကူအညီပေးမည် ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ ၎င်းနေရာတွင် နေရေးထိုင်ရေး အဆင်မပြေသဖြင့် တချို့မိသားစု များ ပြည်ခိုင်ဖြိုးပါတီမှစီစဉ်ပေးသည့်နေရာသို့ ပြန်လည်ရောက် ရှိလာ ကြကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။

“ကျွန်တော်တို့ကို ခေါ်ဆောင်သွားတာ တစ်လ နီးပါးရှိပါး လောက်ရှိပြီဗျ၊ ဒါပေမဲ့ ကျွန်တော်တို့ ထင်ထား သလို မဟုတ်ဘဲ နေစရာ၊ စားစရာ နဲ့ အလုပ်အကိုင်တွေ အဆင်မပြေဘူးဗျ၊ ဒီတော့ ဘ၀ အာမခံ ချက်ပေးနိုင်မဲ့ အလုပ်မရှိတဲ့ အတူတူတော့ ကိုယ့်နေရပ်ကို ပြန်ပြီး လုပ်စားတာက ဘ၀လုံခြုံမှုရှိပြီး ပိုအဆင်ပြေမှာဘဲလို့ တိုင်ပင်ကြပြီး ကျွန်တော်တို့ အိမ်ထောင်စု တော်တော်များများ DKBA နယ်မြေ က ပြန်လာခဲ့ ကြတာဗျ” ဟု ပြန်ရောက်လာသူတစ်ဦး မှ ပြောဆိုပါသည်။

ယခုအခါ ဖယ်ရှားခံကျေးရွာခြောက်ရွာမှ ၁၆၇ စုကို ပြည်ခိုင်ဖြိုးပါတီက ပေ၂၀ x ၅၀ မြေကွက်နှင့် နေ အိမ်အပိုင် ပေးမည်ဖြစ်ပြီး ကျေးရွာသစ်အတွက် လျှပ်စစ်မီး၊ လမ်း၊ သောက်သုံးရေ၊ ဆေးပေခန်း စသည်တို့ကို ပါ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

“ နေအိမ်တွေ အပိုင်ပေးမယ်။ ပြန်ပေးစရာ လည်းမလိုဘူး။ အခု အဲ့လိုလုပ်ပေးတော့ DKBA နောက်လိုက်သွားတဲ့ အိမ်ထောင်စုတွေထဲက ၁၉ စု ပြန်လာပြီး အကူအညီတောင်းခံနေပါတယ်။ သူတို့ကို လည်း စစ်ဆေးပြီး သေချာတယ်ဆိုရင် နေရာ စီစဉ်ပေးသွားမယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းကပြောဆိုပါသည်။

DKBA အဖွဲ့ဟာ ကရင်ပြည်နယ်တွင်းနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဒုက္ခရောက်နေသည့် ကရင်တိုင်းရင်းသား အများအပြား ရှိသော်လည်း ၎င်းတို့ကိုအား အကူအညီပေးခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။ 

မယ်လ ကရင်ဒုက္ခသည်စခန်း ၊ အုန်းဖျန် ကရင်ဒုက္ခသည်စခန်း ၊ မယ်လအူး ကရင်ဒုက္ခသည်စခန်း စတဲ့ ကရင်ဒုက္ခသည် စခန်းများမှာ ဒုက္ခသည် ကရင်အများအပြား အကူအညီလိုအပ်နေသလို ပြည်နယ်အတွင်းမှာ ပင် နေစရာ၊ စားစရာမရှိတဲ့ ကရင်လူမျိုးပေါင်း သောင်းနှင့်ချီ ရှိနေချိန်တွင် သမီးကလေးရွာသားများကိုမှ ဝင်ရောက်ကူညီခြင်းမှာ ရိုးသားမှုမရှိကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။

ဖိုးသားလေး

No comments:

Post a Comment