တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ
၃၀၊ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက် နေ့များတွင် ကချင်လွတ်မြောက်ရေး အဖွဲ့၏
ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲအပြီး
နိုဝင်ဘာ ၂ ရက်တွင် ကေအိုင်အို အဖွဲ့သည် မြစ်ကြီးနားမြို့သို့
လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် ကေအိုင်အိုတို့၏
ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ "ကျွန်တော်နားလည်တာက
လိုင်ဇာမှာလုပ်မယ့် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ညီလာခံက ၃၀၊ ၃၁ နဲ့
နိုဝင်ဘာ ၁ ရက် အဲဒီသုံးရက်မှာ ဆောင်ရွယ်မယ်ဆိုတာ သိရတယ်။ ၂ ရက်နေ့ကို
သူတို့မြစ်ကြီးနားကို လာမယ်။ ၃ ရက်နေ့ကို ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့
တွေ့ဖို့ရည်ရွယ်ထားတယ်" ဟု ၎င်းကပြောကြားသည်။
တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ၏ လိုင်ဇာတွင်ပြုလုပ်မည့်
အစည်းအဝေး ကျင်းပရန် အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက်နေ့များတွင်
မြစ်ကြီးနားမြို့၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် ကေအိုင်အိုဘက်မှ
တောင်းဆိုခဲ့ရာ အစိုးရဘက်မှ သဘောတူခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၈
ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏
ဆွေးနွေးပွဲတွင် အချက်ခုနစ်ချက်ပါ သဘောတူညီချက်၊ ပူးတွဲစောင့်ကြည့်ရေး
လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူ ငါးချက်နှင့်
နှစ်ဖက်လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း
သိရသည်။
EMG
No comments:
Post a Comment