address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 18, 2013

ဆီးဂိမ်းစ် အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ပြပွဲပြိုင်ပွဲ ကျင်းပမည်


18.10.2013

ဆီးဂိမ်းစ်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပြည်သူလူထု ပိုမိုစိတ်ဝင်စားရန်နှင့်ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင် ပစ္စည်းများကို သင့်တော်သည့် ဈေးနှုန်းနှင့် ထုတ်လုပ်ရောင်းချခွင့် ပြုနိုင်ရေးအတွက်SEA Games  အထိမ်း အမှတ် လက်ဆောင်ပစ္စည်းများ ပြပွဲပြိုင်ပွဲကိုအောက်တိုဘာလ (၂၇)ရက်နေ့တွင် သိမ်ဖြူအားကစားခန်းမ တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြိုင်ပွဲကို ၀င်ရောက်ပြသ ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယှဉ်ပြိုင်ပြသလိုသော ပြိုင်ပွဲအထိမ်းအမှတ် Logo နှင့် Mascot အရုပ်များ ပါဝင်သော အထိမ်းအမှတ် လက်ဆောင်ပစ္စည်း တစ်မျိုးလျှင် နမူနာ (၁၀)ခုစီကို ကိုယ် တိုင်ပြု လုပ်သည့် ပစ္စည်းဖြစ်ကြောင်း ၀န်ခံကတိပြုချက်၊အောက်တိုဘာ (၂၅)ရက်မတို င်မီ ရောင်းချမည့် ပစ္စည်းဈေးနှုန်းနှင့် ထုတ်လုပ်နိုင်သည့် အရေအတွက်တို့ကိုဖော်ပြပြီး ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့ အောက်တိုဘာ (၂၅)ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်တိုင်ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
(၂၀၁၃) ဒီဇင်ဘာတွင် ကျင်းပခဲ့မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

Sky Net Update

No comments:

Post a Comment