address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 1, 2014

လစ်လပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ရွေးချယ်


1.5.2014

၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့သော တိုင်းရင်းသား စည်လုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းရီ သေဆုံးသွားခြင်းကြောင့် လစ်လပ်လျက် ရှိသည့် ပါတီဥက္ကဋ္ဌ တာဝန်ကို အဆိုပါ ပါတီ၏ အထွေအထွေ အတွင်းရေးမှူး ဦးသန်းတင်အား ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ယနေ့ ရွေးချယ် ခန့်အပ်လိုက်ကြောင်း တ.စ.ည ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ပြောကြားသည်။

စ်လပ်လျက်ရှိသော ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသန်းတင်အား ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ပြဋ္ဌာန်းချက်များနှင့်အညီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပကာ ပြန်လည် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အခု ဥက္ကဋ္ဌသစ်က နောက်ညီလာခံ မပြုခင်အချိန်ထိ တာဝန်ယူသွားရမှ ဖြစ်တယ်၊ နောက်ညီလာခံမှာ ဥက္ကဋ္ဌသစ် ထပ်ရွေးမယ်” ဟု ၎င်းက ပြောဆိုသည်။

လစ်လပ်သွားသည့် တ.စ.ည ပါတီ၏ အထွေထွေအတွင်းရေးမှူး ရာထူးကိုမူ ယခုလောလောဆယ်တွင် ရွေးချယ်ဦးမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကိုပါ ပြုလုပ်ခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့က ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးသန်းတင်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အပြင် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးကြောင်း ယင်းပါတီထံမှ သိရှိရသည်။

ယင်းပါတီဥက္ကဋ္ဌ ဦးသန်းတင်သည် ၂၀၁၀ တွင်ကျင်းပသည့် ပါတီဇုန် အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။

The Voice Weekly

No comments:

Post a Comment