address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, May 12, 2014

တောင်တရုတ်ပင်လယ်အရေးဖြေရှင်းရန် ကြေညာစာတမ်း ထုတ်ပြန်


အငြင်းပွားမှုများ မြင့်တက်နေသည့် တောင်တရုတ်ပင်လယ်အရေး ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ၂၈ ချက်ပါဝင်သည့် နေပြည်တော် ကြေညာစာတမ်းကို ဒုတိယနေ့အဖြစ် ကျင်းပသည့် မေ ၁၁ ရက်
အာဆီယံထိပ်သီး အစည်းအဝေးတွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံက ပထမဦးဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနေသည့်နိုင်ငံများ လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC. Declaration on the conduct of parties in South China Sea)ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့်
အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းပူးပေါင်းအား ကောင်းလာရန်ဆောင်ရွက်မည် အပါအ၀င် အခြားသဘောတူညီချက် ၂၈ ချက် ကို
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ခုနှစ် ကုလသမဂ်္ဂ၏ သမုဒ္ဒရာများဥပဒေဆိုင်ရာ သဘောတူညီချက် (UNCLOS)အပါအ၀င် နိုင်ငံတကာအသိ ဥပဒေမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ DOC ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ အထူးသဖြင့် ပါဝင်ပတ်သက်နေသည့် နိုင်ငံများအနေဖြင့် အကြမ်းမဖက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းသွားရန်၊ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက
ပြီး အာဆီယံမှချမျတ်ထားသည့် မူဘောင် ခြောက်ချက်အတိုင်း တောင်တရုတ် ပင်လယ်ဆိုင်ရာ နိုင်ငံများလိုက်နာရမည့်
လုပ်ထုံးလုပ်နည်းများ (COC - Code of Conduct) စောစီးစွာ ပေါ်ထွက်လာရန် သဘောတူညီခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာဥပဒေအပါအ၀င် နိုင်ငံတကာ အသိအမှတ်ပြုဥပဒေများပေါ်တွင် မူတည်၍ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းမည် အပါအ၀င် မူဝါဒခြောက်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကလည်း ယနေ့ညနေက ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် တောင်တရုတ်ပင်လယ်ကိစ္စ၊
အရှေ့ပင်လယ်ကိစ္စ၊ မလေးရှားလေယာဉ် ပျောက်ဆုံးမှု ပူးပေါင်းဆောင်ရွက်ကိစ္စများအပါအ၀င် ဒေသကိစ္စများကို ဆွေးနွေးနိုင်ခဲ့သည်ဟု ပြောသည်။

၎င်းက ဒီလိုအမြင်ချင်းဖလှယ်မှုဟာ ကမ္ဘာ့ရေးရာများမှာ အာဆီယံအနေနဲ့ တူညီတဲ့ရပ်တည်ချက်ပေါ်ထွန်းရေး ဘာလီ
သဘောတူညီချက်နဲ့အညီလည်း ဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် အဖွင့်မိန့်ခွန်းနှင့် ညနေပိုင်းက ကျင်းပသည့် သမ္မတ၏ သတင်းစာရှင်းလင်းပွဲတွင်
တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ပြောကြားခြင်းမရှိသည့်အပေါ် နိုင်ငံရေးလေ့လာသူအချို့ကလည်း မှတ်ချက်အချို့လည်း ပြုခဲ့ကြသည်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများသည် တရုတ်နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေးအရ နီးကပ်သည့်နိုင်ငံများဖြစ်သည့်အတွက် သမ္မတမိန့်ခွန်းတွင် တောင်တရုတ်ပင်လယ်ကိစ္စ မပြောဆိုခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
၎င်းက အာဆီယံအဖွဲ့ဆိုတာကလည်း နိုင်ငံရေးအရ အားကောင်းတဲ့အဖွဲ့အစည်းမဟုတ်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်ဟု မှတ်ချက်ပြုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်ထူးကမူ သမ္မတအနေဖြင့်
တောင်တရုတ်ပင်လယ်အရေး မြန်မာနိုင်ငံ၏ ဆွေးနွေးချက်များကို ပြောဆိုခဲ့မည်ဖြစ်သော်လည်း Retreat ဆွေးနွေးပွဲဖြစ်၍
ထုတ်ပြန်လေ့ မရှိကြောင်းပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment