address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, May 16, 2014

" ယနေ့ မနက် လားရှိုးမြို့ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့ဘေး ဗုံးနှစ်လုံး နှစ်နေရာ ဆက်တိုက်ပေါက်ကွဲ "


လားရှိုးမြို့ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်ဘေးတို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှု ယနေ့ မနက် ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ နယ် သတင်းရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။


ဘဏ်နှစ်ခုတွင်ငါးမီးနစ်ခန့်သာခြားကာ ပေါက်ကွဲခဲ့ကြောင်း ပေါက်ကွဲမှု
အသေးစိပ်အား ရဲနှင့် စစ်တပ် ပူးပေါင်းစစ်ဆေးနေကြောင်း လားရှိုးမြို့နယ် သတင်းတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးက ပြောသည်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်။ အသေးစိပ်အချက်အလက်တော့ မပြောနိုင်သေးဘူး။ အခုမှ စစ်ဆေး တုန်းပါ။ သေချာရင် သတင်းချက်ချင်းထုတ်ပြန်ပေးပါ့မယ်” ဟု အဆိုပါ တာဝန်ကျ ရဲမှူးက ပြောသည်။

ဘဏ်နှစ်ခုဘေးတွင် ပေါက်ကွဲသည်ဟုသာ ယင်းကဲ့သို့ အတည်ပြုနိုင်သေးပြီး အသေးစိတ်အချက်အလက် များ ကိုမူ ပေါ်ပြူလာနယူးစ်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်၍ ရရှိသည့် အခြေအနေများကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။

ဖိုးလပြည့်


Popular

No comments:

Post a Comment