14.2.2014
ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၁၀၈၅၀ ဦးအနက် မြန်မာနိုင်ငံသား ၇၅၈၂ ဦး ရှိကြောင်း ၎င်းက၂၀၁၃ ခုနှစ် သြဂုတ်လထိ ပြုစုထားသည့် စာရင်းများအရ အခြေခံကာ ပြောဆိုသည်။
ကွာလာလမ်ပူမြို့တော်ရှိ UNHCR ရုံးက ဒုက္ခသည်အဖြစ် လျှောက်ထားသူ များကို စိစစ်ပြီး နိုင်ငံခြားသားပေါင်း ကိုးသောင်းကျော်ကို ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခဲ့ကြောင်း၊ မလေးရှားနိုင်ငံက ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး သဘောတူစာချုပ် ချုပ်ဆိုမထားသော်လည်း UNHCR လက်မှတ်ရှိသူကို လူသားချင်း စာနာသောအားဖြင့် ဖမ်းဆီးခြင်း မရှိဟု Datuk Seri Mohamed Aziz က ဆိုသည်။
ဒုက္ခသည်တို့၏ စားဝတ်နေရေး၊ လုံခြုံရေးကို တာဝန် မယူနိုင်သောကြောင့် ကုလသမဂ္ဂ၏ ၁၉၅၁ နှင့် ၁၉၆၇ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သော ဒုက္ခသည်များ လက်ခံရေးဆိုင်ရာ သဘောတူ စာချုပ်များကို မလေးရှား အစိုးရက လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
The Voice Weekly
No comments:
Post a Comment