address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 21, 2013

ဖိလစ်ပိုင်မှ မြို့တော်ဝန်တစ်ဦး မနီလာလေဆိပ်တွင် အသတ်ခံရ


21.12.2013

ဒီဇင်ဘာ ၂၀ရက်က ဖိလစ်ပိုင်၏မြို့တော် မနီလာလေဆိပ်တွင်မော်တော်ဆိုင်ကယ်နှင့် သေနတ်သမား များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် မြို့တော်ဝန် လာဘန်ဂန်မြို့တော်ဝန် အူကိုလ်တာလန် ပါနှင့် အခြား သုံးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက်တစ်ဦးမှာ ကလေးငယ်ဖြစ်ကြောင်း အာဏာပိုင် များက ဆိုသည်။


ကျန်ခရီးသည်များမှာမူ ဘေးကင်း စွာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရ သည်။တာလန်ပါသည် Zamboanga del Surပြည်နယ် လာဘန်ဂါ မြို့တော်ဝန် ဖြစ်သည်။ သူနှင့် ဇနီးသည်တို့သည် လေဆိပ် အ၀တွင် မိသားစုမှလာကြိုမည်အချိန်ကို စောင့်နေချိန်၌မော်တော် ဆိုင်ကယ်တစ်စီးနှင့် သေနတ်သမားများ ရောက်လာ ကာ သူနှင့် အနီးဝန်းကျင်ရှိလူများကို ပစ်ခတ်ခဲ့သည်။

သေဆုံးသူများထဲတွင် မြို့တော်ဝန်၏ဇနီး၊ ၁၈လ အရွယ် ကလေးငယ်တစ်ဦးနှင့် အခြား တစ်ဦးတို့ဖြစ် သည်။ရဲဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုနေ့နံနက်က သေနတ်သမားများ သည် လေဆိပ်တွင်ယာဉ်များ ရှုတ်ထွေးနေသည့်အချိန်၌ ပစ်ခတ်ပြီးနောက်ချက်ချင်း ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မည်သည့်အတွက်ကြောင့် သတ်ခဲ့သည်ကိုလည်း မသိရကြောင်း ဆိုသည်။ လေဆိပ်မန်နေဂျာက အစိုးရအေဂျင်စီများသည် ရာဇ၀တ်သားများကို ဖမ်းဆီးပြီး ဥပေဒအရ အရေးယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

တာလန်ပါသည် အတိုက်အခံနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သောမေလက ဒေသတွင်း ပြုလုပ်သည့် မြို့တော်ဝန်ရွေးချယ်ပွဲတွင် အနိုင်ရထားသူဖြစ်သည်။

မနီလာမြို့မှ နီနွိုင်းအာကွီနိုနိုင်ငံတကာ လေဆိပ်တွင် ၁၉၈၃ခုနှစ်ကလည်း အတိုက်အခံနိုင်ငံရေးသမား ဘန်ဂင်နို အကွီနိုသည် ပြည်ပတွင် နေထိုင်ရာမှ ပြန်လာချိန်တွင်အသက်ခံခဲ့ရဖူးသည်။ သူ၏သား နာမည်တူ ဘန်ဂင်နိုအကွီနိုမှာ လက်ရှိအချိန်တွင် နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။

The Myanma Age

No comments:

Post a Comment