21.12.2013
ထိုင်းနိုင်ငံတွင်း ဘန်ကောက်မြို့တော်အပြင် တခြားပြည်နယ်တွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ အကြီးအကျယ် ဆန္ဒပြပွဲအတွက် ဘန်ကောက်ကို ဒီဇင်ဘာ ၂၁ ရက်က စုရုံးရောက်ရှိ လာကြပြီး ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ရာထူးက ဆင်းရေး ဖိအားတွေ တိုးမြှင့်ဖို့ အကြီးအကျယ် ဆန္ဒပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အရင်အပတ်က ဆန္ဒပြမှု အရှိန်မြင့်ခဲ့လို့ ၀န်ကြီးချုပ်က ကြားဖြတ် ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ လုပ်ဖို့ ပြောခဲ့ရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာတော့ ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဆက်ပြီး တာဝန်ယူ ထားပါတယ်။
ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူသက် သောင်စုဘန်ကတော့ ပြည်သူ့ကောင် စီက ပြုပြင်ပြောင်း လဲရေးတွေကို အကောင်အထည်ဖော်ပြီးတဲ့ တိုင်အောင် ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းထားဖို့ ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ နောက်ဆုတ်မယ့် အဆိုပြုချက်ကို ပလပ်လိုက်ပြီး အစိုးရကလည်း စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ ပြောထားပါတယ်။
ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံရေးကို လက်ရှိ ၀န်ကြီးချုပ်ရဲ့ အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်က လွှမ်းမိုးထားတာကို တိုက်ဖျက်ချင်နေတာ ဖြစ်ပါတယ်။
အဓိက အတိုက်အခံ ဒီမိုကရက်ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်မလားဆိုတာ ကိုတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆုံးဖြတ်ဖို့ မျှော်လင့်ရပါတယ်။
DVB
No comments:
Post a Comment