address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 14, 2014

ကျောင်းသားတပ်မတော် ၂၅ နှစ်ပြည့် ကျင်းပ ဖက်ဒရယ်ပြည်ထောင်စု လိုအပ်နေပြီဟုဆို


14.2.2014

ဖက်ဒရယ်တပ်မတော် ဖြစ်ပေါ်လာရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု ပထမဦးဆုံး ဖြစ်ပေါ်လာရန်လို အပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)မှ ကျောင်းသား တပ်မတော်ဥက္ကဋ္ဌ ရဲဘော်သံခဲက တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်က မဇ္ဈိမကို ပြောဆိုသည်။

တပ်မတော်၏ တာဝန်ပိုင်းဆိုင်ရာတွင် ဖြစ်စေ၊ ဆုံးဖြတ်မှုပိုင်းဆိုင်ရာဖြစ်စေ အဆိုပါကိစ္စရပ်များသည် တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုပြီး ဆုံးဖြတ်နိုင်သော အခင်းအကျင်းမျိုး ရှိနေသည့် တပ် မတော်ဖြစ်ရန် လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“တပ်မတော်တစ်ရပ်ဆိုတဲ့နေရာမှာ တပ်မတော်သည် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ တပ် မတော် ဖြစ်နေရပါမယ်”ဟု ရဲဘော်သံခဲက ပြောသည်။

ပြည်ထောင်စုကို လက်ခံသည်ဆိုလျှင် ဖက်ဒရယ်တပ်မတော်ဆိုသည်မှာ လိုအပ်မည်ဟု ကျောင်းသား တပ်မတော်အနေဖြင့် ခံယူကြောင်းနှင့် ပြည်ထောင်စုဆိုသည့်နေရာတွင်လည်း တိုင်းရင်းသား အင်အား စုအားလုံး၏ သဘောထားဆန္ဒက အရေးကြီးကြောင်း ၎င်းက ဆိုသည်။

(မကဒတ)သည် မျက်မှောက်နိုင်ငံရေးသဘောထားများကို လူထုသို့ တရားဝင်ချပြဆွေးနွေးရန် ပြင်ဆင် ထားပြီး ရှမ်းပြည်နယ်တွင်သာမက အခြားအင်အားစုများ၊ ဒေသခံအဖွဲ့များနှင့် အတူတကွ ဆက်လက် လုပ်ဆောင်သွားနိုင်ရန်၊ နိုင်ငံရေးသဘောထားများ အမြင်ဖလှယ်သွားရန် ရည်ရွယ်ချက် ထားရှိပြီးဖြစ် သည်ဟု ရဲဘော်သံခဲက ပြောသည်။

“နိုင်ငံရေးအာမခံချက်မရှိဘဲနဲ့တော့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပန်းတိုင်ကို ရောက်နိုင် မှာမဟုတ်ပါဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးလိုအပ်ချက်၊ တိုင်းပြည်လိုအပ်ချက်များကို ပြည်သူလူထုသိအောင် ပြောဆိုနိုင်သော်လည်း လက်နက်ကိုင်တော်လှန်ရေးအင်အားစု၊ တပ်မတော်နှင့် အစိုးရအင်အားစု အားလုံးပါဝင်ကြသည့် တွေ့ ဆုံဆွေးနွေးမှုမျိုး လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတွင် လိုအပ်လျက်ရှိနေသည်ဟုလည်း ဆိုသည်။

ကျောင်းသားတပ်မတော်၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ကြီး၌ ကျင်းပခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ကျောင်းသားတပ်မတော်၏ ၂၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။

Mizzima

No comments:

Post a Comment