address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 15, 2014

ထိုင်းအစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းအနီး ဗုံးကွဲ၊ ၂ ဦး သေဆုံး



ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းနားမှာ ဒီနေ့ ဗုံးပေါက်လို့ လူ ၂ ယောက် သေဆုံးပြီး အနည်းဆုံး ၂၁ ယောက် ဒဏ်ရာရပါတယ်။


Thai ဘန်ကောက်အရေးပေါ်ဌာနက ဆရာဝန်တယောက်ကတော့ ပေါက်ကွဲမှုက ထွက်လာတဲ့ ချွန်ထက်တဲ့ အရာတွေထိလို့ ဒဏ်ရာရတာလို့ ပြောပါတယ်။

“မေလ ၁၅ ရက်နေ့မနက် အစောပိုင်းက ပေါက်ကွဲမှုအပြီး သေနတ်သမား ၄ ယောက်က လေထဲကို သေနတ်နဲ့ပစ်တယ်၊ ထွက်ပြေးတော့ ထွက်ပြေးတဲ့လူတွေကို ချိန်ပြီး လိုက်ပစ်တယ်” လို့ တိုက်ခိုက်မှုကို မျက်မြင်တွေ့တဲ့ ဆန္ဒပြသူ ပိုင်ရတ် ၀ီရိုင်ရခ်က ပြောပြပါတယ်။ သူဟာ ဒီမိုကရေစီကျောက်တိုင်မှာ တခြား ရာနဲ့ချီတဲ့ လူတွေနဲ့အတူ ညက စခန်းချခဲ့သူပါ။


အခုဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၈ ရက် ရုန်းရင်းဆန်ခတ်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့အပြီး အပြင်းထန်ဆုံးဖြစ်ပါတယ်။ နိုဝင်ဘာလတည်းက ဘန်ကောက်မြို့ လမ်းပေါ် ဆန္ဒပြပွဲတွေအတွင်း တိုက်ခိုက်မှုနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ပုံမှန်လိုလို ဖြစ်နေပါတယ်။

ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဆန္ဒပြပွဲ စတည်းက အခုထိ ဆန္ဒပြမှုအတွင်း သေဆုံးသူ ၂၇ ယောက်ရှိပြီး လူရာနဲ့ချီ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်းလပ် ရှင်နာဝပ်မောင်နှမနဲ့ ဘုရင်စနစ်ကို သစ္စာခံသူ တွေကြား နိုင်ငံရေးအကျပ်အတည်းဟာ ဆယ်နှစ်နီးပါး ရှိနေပါပြီ။

ထိုင်းနိုင်ငံရေးအတွင်း စစ်တပ်က ကြားဝင်စွက်ဖက်တဲ့ မှတ်တမ်းရှည်ကြီး ရှိခဲ့ဖူးပေမယ့် ခုတော့ စစ်တပ်ခေါင်းဆောင်တွေက ဒီအငြင်းပွားမှုကို နိုင်ငံရေးသမားတွေသာ ဖြေရှင်းရမယ်လို့ ပြောရင်း နိုင်ငံရေးအကျပ်အတည်းနဲ့ ဝေးဝေးမှာ နေနေကြပါတယ်

DVB

No comments:

Post a Comment