address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 15, 2014

ရခိုင်အမျိုးသားနေ့ သတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ရခိုင်တွင် ပွဲကျင်းပ


ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့သည့် ရခိုင်အမျိုးသားနေ့ကို သတ်မှတ်ပြီး ရက်ပေါင်း ၁၃ ရက်အကြာတွင် ရန်ကုန်မြို့တော်နှင့် ရခိုင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ် ရခိုင်အမျိုးသားနေ့
အထိမ်းအမှတ် အခမ်းအနားကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့ကြောင်း ပွဲကျင်းပသူများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနားတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး သံဃာတော်များ အပါအဝင် လူ ၁၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။


ရန်ကုန်မြို့တော်တွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် အပါအဝင် မြို့နယ်အများစုတွင် ရခိုင်အမျိုးသားနေ့ အခမ်းအနားများကို ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ရက်သုံးရက် ရွေးချယ်ထားသည့်အနက် ရခိုင်ဘုရင် စန္ဒသူရိယ ဘုရင် လက်ထက်က မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့ (မေလ ၁ ရက်) တွင် ညီလာခံသို့ တက်ရောက်လာသည့် မြို့နယ်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားနေ့ကို တရားဝင် သတ်မှတ်ပေးရန် အစိုးရကို တင်ပြသွားမည် ဖြစ်ပြီး မေလ ၁၄ ရက်နေ့အထိ တင်ပြနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။


ွှThe Voice

No comments:

Post a Comment