address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 6, 2013

လှူဒါန်းသည့် ထမင်းစားမိရာမှ အလယ်တန်းကျောင်းသား ၆၀ခန့် သင်္ဃန်း ညီနောင် တွင် အစာ အဆိပ်သင့်



6.8.2013

မြဝတီမြို့ နယ် သင်္ဃန်းညီနောင်ကျေးရွာ ရှိအလယ်တန်းကျောင်းတစ်ခု တွင် လာရောက်လှူဒါန်း သည့် ထမင်းများကိုစားမိရာမှ ကျောင်း သား ၆ဝခန့်အစာ အဆိပ်သင့်မှု ယနေ့နေ့လယ်ပိုင်း က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်၅ရက် နေ့လယ်၁၁နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့နယ်သင်္ဃန်းညီ နောင်ကျေး ရွာရှိ အမှတ်(၁) အ ခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသားများအားငါး သေတ္တာနှင့်  ခရမ်းချဉ်သီးရော ချက်ထားသည့် ဟင်းဖြင့် ထမင်း ကျွေးရာမှ ကျောင်းသားများသည် အစာအ ဆိပ်သင့်ပြီး မူးဝေအော့ အန်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက''အခု ကျွန်တော်တို့ ဆီကို ဖြစ်စဉ် မှတ် တမ်းပို့ပေးဖို့လုပ်နေ ကျတယ်။ ဖော့ဘူးနဲ့ဝေတဲ့ ငါးသေတ္တာဟင်း နဲ့ ထမင်းကိုစားမိတဲ့သူတွေဖြစ် တာလို့သိရတယ်''ဟု ဩဂုတ် ၅ ရက် ညနေ ၃နာရီခန့်ကပြောသည်။

မြဝတီမြို့တွင် ကျောင်းများ သို့ စေတနာရှင်များက မကြာခ ဏအလှူဒါန အနေဖြင့် ယခုကဲ့ သို့  ကျွေးမွေးခြင်းများ ယခင်က လည်းရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ အစာအဆိပ် သင့်မှုဖြစ်ပွားခြင်းသည် မြဝတီမြို့နယ်သင်္ဃန်းညီနောင်ကျောင်းတွင်ပထမဆုံးအကြိမ်ဖြစ်ကြောင်း  ဒေသခံများ၏ပြောပြချက် အရ သိရသည်။

အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ကရင်ပြည်နယ် စည်းရုံးရေးမှူး ဦးအောင်ဝင်းလှိုင် က ''မနက်က သင်္ဃန်းညီနောင် မှာ အလယ်တန်းကျောင်း သား ၆ဝဦးခန့် အစာအဆိပ်သင့်တယ် လိုသိရတယ်။ ကျွန်တော်လဲသေ ချာအောင်စုံစမ်းတော့ အမှန်တ ကယ်ဖြစ်နေတာသိရတယ်။

ကျွန် တော့်အထင် ငါးသေတ္တာတွေ ဒိတ် လွန်နေတယ်ထင်တယ်''ဟုဆိုသည်။မြဝတီမြို့ဆေးရုံ  ကကျန်းမာရေးဝန်ထမ်းတစ်ဦးက''ဆရာကြီးကိုယ်တိုင်သင်္ဃန်းညီနောင် မှာ သွားစစ်ဆေးနေ တယ်။ ဆရာ ကြီးပြန်လာမှ အခြေအနေအား လုံးကိုသိရမယ်။ အခုထိ ဆေးရုံ ကို အစာအဆိပ် သင့်မှုနဲ့ပတ်သက် ပြီး တစ်ယောက်မှမရောက်လာ သေးဘူး''ဟု ဩဂုတ် ညနေ ၄ နာရီတွင် ပြော သည်။

ယခုဖြစ်စဉ်ကို မြဝတီခရိုင် ကျန်းမာရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးမှု များ ပြုလုပ် လျက်ရှိပြီး အစာအဆိပ်သင့်မှုကြောင့် သေဆုံး သူမရှိခဲ့သော် လည်း လိုအပ်သည့် ဆေးဝါးကုသမှုများပေး လျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment