address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Saturday, August 10, 2013
ကရင်ပြည်နယ်အတွင်းရေဘေးအန္တရာယ်ကင်းရှင်း
10.8.2013
ကရင်ပြည်နယ်တွင် ဇူလိုင်(၂၇)ရက်မှစ၍မိုးအဆက်မပြတ
်သည်းထန်စွာ
ရွာသွန်းခြင်းကြောင့် ပြည် နယ်အတွင်း သံတောင်နှင့် ဖာပွန်မြို့နယ်များမှလွဲ၍ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ကြာအင်းဆိပ် ကြီးနှင့် မြ၀တီမြို့နယ်
များတွင် ရေလွှမ်းမိုးမှုဖြစ်စဉ်များဖြစ်ပေ
ါ်ခဲ့သည်။သြဂုတ်လ(၁) ရက်စာရင်း အရ ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်း(၈၁)ခု ဖွင့်လှစ်ခဲ့ရပြီး
အိမ်ထောင်စု(၆၉၆၂)စု၊လူဦးရေ (၃၃၇၇၅)ဦးရှိခဲ့ကြောင်း
သိရသည်။
သြဂုတ်(၇)ရက်တွင်ရရှိသောသတင်းမျ
ားအရ ကရင်ပြည်နယ် အတွင်းရှိ မြစ်ရေများသည်စိုးရိမ်ရေအမှတ်အောက်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း
သိရှိရသည်။ကော့ ကရိတ်-မြ၀တီလမ်း(
တောင်ပေါ်လမ်း)သည်လည်း
လမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်
းမွန်နေ ပြီဖြစ်ကြောင်း၊ သြဂုတ် (၂)ရက်မွန်းတည့်(၁၂)နာရီမှစ၍ယာဉ်ငယ်များသွားလာနိုင်ပြီးသြဂုတ်(၆) ရက်တွင်ယာဉ်ကြီးများပါ ဖြတ်သန်းသွားလာနိုင်ပြီဖြစ် ကြောင်းနှင့် အဆိုပါနေ့သည် ကော့ကရိတ် မှမြ၀တီမြို့သို့ အတက်နေ့ဖြစ်ခြင်းကြောင့်
နံနက်(၆)နာရီမှညနေ(၅)နာရီအတွင်း
ယာဉ် ကြီး(၇၈) စီး၊ ယာဉ်ငယ်(၆၆၅)စီး၊
စုစုပေါင်း(၇၄၃)စီးဖြတ်သန်းသွား
လာမှုပြုကြကြောင်း သတင်းရရှိသည်။
SkyNet TV Browser
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment