address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 13, 2013

လယ်ယာမြေဥပေဒ ဆိုင်းငံ့ထားပေးရန် ကေအန်ယူပြော

13.8.2013

၂၀၁၂ခုနှစ်လယ်ယာမြေဥပေဒကိုငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလ၊နိုင်ငံရေးအရ ဖြေရှင်းမှုမလုပ်နိုင်သေး ခင်မှာ အသုံးမြပုဘဲ ဆိုင်းငံ့ထားသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။


မနှစ်မတ်လကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့လယ်ယာမြေဥပေဒြေကာင့်အပစ်အခတ်ရပ်စဲထားတဲ့ ကေအန်ယူထိန်းချုပ် နယ်ေမြေတွထဲကို အစိုးရက လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ကုမ္ပဏီတွေက စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်လာတဲ့အတွက် ဒေသခံ ကရင်တိုင်းရင်းသားတွေရဲ့ေမြေတွ ဆုံးရှုံးကုန်ပါတယ်။

တဖက်ကလည်း ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းတဲ့ဥပေဒ၊တဖက်ဒေသခံတွေကလည်း နှစ်ပေါင်း၆၀လက်နက် ကိုင်တော်လှန်ရေး ကာလတေလျှာက်ကိုင်စွဲခဲ့တဲ့ ဓေလ့ထုံးတမ်းဥပေဒအရ ပိုင်ဆိုင်မှုရယ်လို့ အြငင်းပွားနြေ ကတာပါ။

ကေအန်ယူ ထိန်းချုပ်နယ်ေမြေတွထဲမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကြာင့် အရင် က ၀င်ရောက်ခွင့်မရခဲ့တဲ့ ကုမ္ပဏီတွေ လယ်ယာမြေဥပေဒအရ ၀င်ရောက်လုပ်ကိုင်နြေကလို့ နယ်မြေခံတွေ ရဲ့ ပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့အတွက် ကေအန်ယူ တာဝန်ရှိသူတွေကို တိုင်နြေကတာ ဖြစ်ပါတယ်။

မြေယာဥပေဒဟာ ငြိမ်းချမ်းရေးတည်ဆောက်ချိန်မှာ စိမ်ခေါ်မှုဖြစ်နြေပီး ဒီဥပေဒကို ဆိုင်ငံ့ထားဖို့ ကေအန် ယူအေထွေထွအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ ပြည်သူလူထုရဲ့ယုံကြည်မှု၊အပစ်အခတ်ရပ်စဲရေးပေါ် မှာ ယုံကြည်မှုက သိပ်ပြီးတော့ အဓိကကျတယ်လို့ ထင်တယ်။ ဒီတော့ ကျေန်ာတို့က ခိုင်မာမှု မရှိသေးခင်၊ နိုင်ငံရေးအရ ဖြေရှင်းမှု မလုပ်နိုင်သေးခင်မှာ ဒီမြေယာပြဿနာ ပေါ်လာလို့ရှိရင် လူထုက ကျေန်ာတို့အေပါ် မှာရော၊ အစိုးရအေပ်ါမှာပါ ယုံကြည်မှု နည်းပါးသွားပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့နေ ရာမှာ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ဒါက တစ်ချက်၊ နောက်တခါ ဒီမြေယာဥပေဒကို သေသချာချာပြန် ကြည့်မယ်ဆိုလို့ရှိရင် တကယ့် စီးပွားရေး ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေကို အခွင့်အေရး ပိုပေးထားတဲ့အေနအ ထားမှာ ရှိတယ်လို့ ကျေန်ာတို့မြင်တဲ့အေပ်ါမှာ ဒီပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ ဒီဥပေဒ ကို မကျင့်သုံးသေးဖို့ ကျေန်ာတို့ အဲလို ပြောတာတော့ ရှိတယ်ပေါ့နော်။”

ကရင်အမျိုးသားအစည်းအရုံး စိုက်ပျိုးရေးဌာနတာဝန်ခံ ပဒို စောဒေါလေးမူကလည်း ကုမ္ပဏီတွေကို ချေပး တဲ့ေမြေတွဟာ နိုင်ငံတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ေမြေတွပါသလို အစဉ်အဆက် အြကီးအကဲတွေ ပိုင်ဆိုင်လုပ်ကိုင်ခဲ့တဲ့ေမြေတွပါဝင်ပြီး သူတို့တေတွဟာ အစိုးရက ကျင့်သုံးတဲ့ ဖြတ်လေးဖြတ်စစ် ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နြေကတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပဒိုစောဒေါ လေးမူက“အခုဟာကလူကြီးတွေက မြေယာတွေကို ပြန်ပြီး မြကည့်နိုင်သေးတဲ့ကာလ။  နောက်ပြီးတော့ ပြန်ပြီးတော့ ပြန်လည်ခြေချေနထိုင်လို့ မရေသးတဲ့ကာလမှာအခုလိုကုမ္ပဏီကြီးတွေက၀င်လာတဲ့အခါကျေတာ့တချို့ေမြေတွက ပြည်တွင်းမှာ  ရွှေ့ပြောင်းနေထိုင်နေသူတွေ လုပ်ကိုင်ခဲ့တဲ့မြေယာတွေပဲဖြစ်တယ်လေ။ အဲဒါကြောင့်မို့ ကျေန်ာတို့လူထုက အခက်အခဲ ဖြစ်နေတယ်လေ။ အဲဒါကြောင့်မို့လို့အစိုးရချမှတ်တဲ့ မြေယာဥပေဒေပ်ါမှာတော့ ကျေန်ာတို့ဘက်မှာတော့ကိုက်ညီမှုမရှိဘူးပေါ့။  အဲဒါကြောင့်မို့လို့ အစိုးရအေနနဲ့ ပြန်ပြီးတော့ ပြင်ဆင်သင့်တယ်လေ” လို့ ပြောပါတယ်။

နယ်မြေအသီးသီးက တိုင်ကြားမှုတွေ ရှိနေတာဖြစ်ကြောင်းနဲ့ ဆုံးရှုံးတဲ့မြေကိုလည်း စာရင်းအင်း တိတိကျ ကျနဲ့ စာရင်းကောက်ယူမှတ်တမ်းတင် တင်ပြဖို့ မြို့နယ်နဲ့ ခရိုင်တွေကိုတော့ ညွှန်ကြားထားကြောင်း သူ က ပြောပါတယ်။

မြေယာဥပေဒြေကာင့် ကုမ္ပဏီတွေ ၀င်ရောက်ကြရာက တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်ေမြေတွ ထိခိုက် မှုတွေဖြစ်လာခဲ့တာလို့ ကေအန်ယူ အေထွေထွအတွင်းရေးမှူး ပဒိုကွယ်ထူးက ပြောဆိုခဲ့ပြီး ဒီကိစ္စကို အစိုး ရဘက်နဲ့တွေ့တဲ့အခါ တင်ပြေဆွးနွေးမယ်လို့ ပြောပါတယ်။

ပဒိုကွယ်ထူးဝင်းက “အစိုးရကလည်း နြေပည်တော်ကေနြပီးတော့ လုပ်ခွင့်ပြုတာတွေ ရှိနေတဲ့အေပ်ါမှာ တိုင်း ရင်းသားတွေရဲ့ ဘိုးဘွားပိုင်တဲ့မြေ၊ ကျေန်ာတို့ရိုးရာအရ ပိုင်ဆိုင်တဲ့ေမြေပါ့လေ။ ဒီပ်ါမှာ သူတို့ ၀င်ရောက် စီးပွားရေးလုပ်တဲ့အေပ်ါမှာ ထိခိုက်မှုတွေတာ့ ရှိမယ်။

“ဘာဖြစ်လို့လည်းဆို ကျေန်ာတို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အချိန်မှာ သေဘာတူညီချက်တွေ ရှိတာကိုး။ ကျေန်ာတို့ရဲ့ ကေအန်ယူက ထုတ်ပေးထားတဲ့နေရာ။ ခွင့်ပြုချက်တွေကိုလည်း သူတို့က အသိ အမှတ်ပြုမယ်၊ ကျေန်ာတို့ရဲ့ ဓေလ့ထုံးတမ်းဥပေဒေတွ၊ မြေယာဥပေဒေတွေ ကိုလည်း အသိအမှတ်ပြုမယ် ဆိုတော့ ဒါကို ကျေန်ာတို့က တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ တင်ပြေဆွးနွေးသွားဖို့ ရည်မှန်းချက်ရှိတယ်။ ကျန်နေရာဒေသအသီးသီးမှာလည်း အလားတူဖြစ်နေတဲ့ ဒီမြေယာပြဿနာကို ၀ိုင်းဝန်းဖြေရှင်းသွားကြ ရမယ်” လို့ သူက ပြောပါတယ်၊

လယ်ယာမြေဥပေဒကို၂၀၁၂ခုနှစ်မတ်လ၃၀ရက်နေ့မှာသမ္မတဦးသိန်းစိန်လက်မှတ်ရေးထိုးအတည်ပြုပြဋ္ဌာန်း ခဲ့တာဖြစ်ပြီးနိုင်ငံတော်ဟာ မြေယာအားလုံးရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လယ်ယာေမြေတွထဲမှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော် လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်ေမြေတွ ပါဝင်ပါတယ်။

DVB TV News

No comments:

Post a Comment