address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 14, 2013

မိုင်းအန္တရာယ်ပညာပေးလုပ်ငန်း ပိုမိုထိရောက်စွာပြုလုပ်နိုင်

14.8.2013

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ မြေမြှပ်မိုင်းများ၏ အန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင် ရှားနိုင် ရန်အတွက် လူထုပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာ လအတွင်း ပိုမိုထိရောက်စွာ ပြုလုပ်နိုင် သည်ဟု မိုင်းပညာပေးလုပ်ငန်းဆောင်ရွက်နေသည့် KSWDC (KARENNI SOCIAL WALFARE AND DEVELOPMENT CENTER) အဖွဲ့က ပြောသည်။

KSWDC လက်အောင် မိုင်းပညာပေးလုပ်ငန်း MRE အဖွဲ့မှ တာဝန်ခံ ခူးလေးရယ်စိုးက ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး မလုပ်မှီအချိန်တွင် မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာတချို့တွေကိုသာ သွားရောက်ပညာပေး နိုင်ခဲ့ကြပြီး ယခုလို အပစ်အခတ် ရပ်စဲရေး ယူသည့်အချိန်တွင် မြို့ပေါ်နှင့် နေရာတော်တော်များများ တွင် ပြုလုပ်နိုင်သည်ဟု ပြော သည်။

ခူးလေးရယ်စိုးက “ကျနော်တို့ မသွားနိုင်တဲ့နေရာတွေကတော့ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်နဲ့ လုပ် အပြီးမှာ အချိန်မှာတော့ ကွာခြားချက်တွေရှိလာတာပေါ့နော။ အခုမြို့နဲ့နီးတဲ့နေရာတွေမှာ ကျနော် တို့ရောက်ပြီပေါ့နော။ အရင်တုန်းကတော့ ကျနော်တို့မရောက်ဘူးပေါ့” ဟုပြောသည်။

မြန်မာတနိုင်ငံလုံးရှိ မိုင်းအများဆုံးရှိသည့် ပြည်နယ်များတွင် ကယားပြည်နယ်သည်လည်း အလယ် အလတ်လောက်တွင် ရှိနေပြီး မြို့နယ်အသီးသီးတိုင်းတွင် မိုင်းများ ရှိနေသည်ဟု သိရသည်။

သို့ဖြင့်၍ မိုင်းအန္တရာယ်များ ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းသင်တန်းကို သြဂုတ်လ ၅ရက်နေ့ မှ ၉ ရက်နေ့အထိ လွိုင်ကော်မြို့ရှိ YLFC (YOUTH LIFE FORMATION CENTER) ၌ ကျင်းပ ရာ ပြည် နယ်အတွင်းရှိ ကေထျိုးဘိုး လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကယားနှစ်ခြင်းအဖွဲ့၊ ကယားဖူးနှစ်ခြင်း အဖွဲ့၊ ကရုဏာ(လွိုင်ကော်)၊ ပကူးနှစ်ခြင်းအဖွဲ့(မော်ချီးဒေသ)၊ CHDN ( Civil Health and Development Network) နှင့် KNPP အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြ သည်။

ယခုကဲ့သို့ နိုင်ငံရေးပွင့်လင်းကာလတွင် ယခင်ကဲ့သို့ မိုင်းထိသူ လူဦးရေမရှိသော်လည်း အနည်းအ ကျဉ်းရှိနေ သေးကြောင်း မိုင်းအန္တရာယ် အသိပညာပေးပေးနေသည့် DCA မှ စီမံကိန်းတာဝန်ခံ MR. BJ ကပြောသည်။

MR. BJ က "မိုင်းအန္တာရယ်ကာကွယ်မှု ပညာပေးလုပ်ငန်းများကို လုပ်ခြင်းအားဖြင့် မိုင်းမတော်တ ဆ ဖြစ် မှုတွေကို ကာကွယ်ပေးနိုင်မှာပါ” ဟု ပြောသည်။

ကယားပြည်နယ်တွင် မိုင်းအများဆုံးဒေသများမှာ မော်ချီး၊ ရှားတောနှင့်ထိုင်းမြန်မာနယ်စပ်တလျောက် တွင်ဖြစ်ပြီး လောပိတ တခွင်နှင့် လျှပ်စစ်မီးတိုင်ကြီးများအောက်တွင်လည်း မြေမြုပ်မိုင်းများ အများ အပြား ရှိနေကြောင်း သိရသည်။

KNPP နှင့် အစိုးရတို့ဇွန်လ၂၀ရက်နေ့တွင်ကျင်းပသည့်ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ တွင်လည်း ပြည်နယ် အတွင်း မြေမြှပ်မိုင်းများ ရှင်းလင်းရန်အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် သဘော တူညီထားကြပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက မိုင်း အန္တရာယ်ပညာပေး လုပ်ငန်းများကိုသာ ဆောင်ရွက်နိုင် ကြသေးသည်။


Ktimes

No comments:

Post a Comment