3.8.2013
ထိုင်းနိုင်ငံတောင်ပိုင်း ထရန် (Trang) ခရိုင်၊ ကတန် (Katang) မြို့နယ် လှေဆိပ်မှာ မြန်မာနိုင်ငံသားတွေ ကို ရေလုပ်သားတွေအဖြစ် အဓမ္မရောင်းစားနေမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး ရောင်းချမှုတွေနဲ့ လူပွဲ စားဂိုဏ်းခေါင်းဆောင်အ
အသက် ၄၂ နှစ် အရွယ် ကိုမျိုး (ခ) ကိုအောင်မျိုးမြင့်၊ ထိုင်းနာမည် ဖိရောင် ဆိုသူကို မြန်မာနိုင်ငံသားချင်း သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးရောင်းချမှု၊ အဓမ္မ ပြုကျင့်မှုတွေနဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကလည်း အရေးယူနိုင်ဖို့ အကြောင်းကြားထားပြီးတဲ့နောက
စူရတ်ဌာနီ မြို့နယ် ရာဘာခြံတခုအတွင်း ပုန်းရှောင်ချိန်မှာ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AHTD)၊ ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးဌာန (DSI)၊ “ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ် ဖွဲ့” (Tourist Police)၊ ထောက်လှမ်းရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စူရတ်ဌာနီ ရဲတပ်ဖွဲ့ တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့တာ လို့
“သူထွက်ပြေးနေတာကို DSI က ဖုန်းလိုင်းကနေတဆင့် ခြေရာခံပြီးလိုက်ဖမ်းတာ၊ထိုင်းရဲပူးပေါင်းတပ်ဖွဲ့တွေ က ဝိုင်းထားတာကို သူက သေနတ်နဲ့ပြန်ပစ်တာ၊ ဒီက ဝိုင်းပစ်တော့ တင်ပဆုံကို မှန်သွားတော့မှ ဖမ်းမိတာ၊ အခု သူ့ကို စူရတ်ဌာနီ ဆေးရုံကြီးမှာ တင်ထားတယ်” လို့ ဦးနိုင်ထွန်း က ရှင်းပြပါတယ်။
ကိုမျိုးကို ဖမ်းဆီးထားပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ အလုပ်သမားတွေကို သူတို့ကို အတင်းအ ကျပ် လှေလိုက်ခိုင်းသူ အဖွဲ့က ခေါင်းဆောင် ဟုတ်မဟုတ် ခေါ်ပြတယ်လို့ သိရပြီး ထွက်ပြေးလွတ်မြောက် လာသူတွေက
ဒီနှစ် မတ်လဆန်းပိုင်းက ကတန် (Katang) မြို့ကထွက်တဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရ တဲ့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ Myanmar Association Thailand (MAT) ကို ဖုန်းဆက်အကြောင်းကြားလာရာ MTA အဖွဲ့၊ မြန်မာအစိုးရ အလုပ်သ မား ဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်း (FED)၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)တို့ ပူးပေါင်းကယ်တင် ခဲ့ပါတယ်။
ဒီလိုကယ်တင်ခဲ့ရာကနေ လွတ်မြောက်လာတဲ့ လှေသားတွေဆီကတဆင့် လူပွဲစားဂိုဏ်းချုပ်ဆိုတဲ့ ကိုမျိုး ဆိုသူရဲ့အကြောင်းကို စုံစမ်းခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို တင်ပြခဲ့ ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း က ထိုင်းအာဏာပိုင်တွေနဲ့ ဧပြီလ က ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ DSI အဖွဲ့က အချိန်ယူလေ့လာခဲ့ပြီး ခုလိုဖမ်းဆီးခဲ့တာလို့ MTA အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်း ကလည်း ပြောပါတယ်။
လူပွဲစား ဂိုဏ်းခေါင်းဆောင်အဖြစ်နဲ့ ဖမ်းဆီးထားတဲ့ ကိုမျိုး ဆိုသူဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တွေနဲ့ ရန်ကုန်မြို့တို့မှာ လူပွဲစားတွေထားပြီး လူခေါ်ခိုင်းတယ်လို့ သိရပြီး ရောက်လာတဲ့ လူတွေကို မလေးရှားနဲ့ အခြားနိုင်ငံတွေရဲ့ ရေပိုင်နက်တွေမှာ ငါးခိုးဖမ်းတဲ့ လှေတွေမှာ လိုက်ခိုင်းတယ်၊ မလိုက်လိုကြောင်း ငြင်းဆန် တဲ့ လူတွေကို အခြားလူတွေရှေ့မှာပဲ သတ်ပြတယ်လို့ ကိုမျိုးအိမ်မှာ ၇ လ ထမင်းချက်အလုပ်လုပ်ခဲ့သူတဦး
“ငါးဖမ်းလှေမလိုက်ဘူးလို့ ငြင်းတဲ့လူတွေကို တခြား လူတွေရှေ့မှာပဲ သတ်ပြတယ်၊ သတ်တာတောင် ရိုးရိုး မသတ်ဘူး၊ ဗိုက်ခွဲပြီး အူတွေထုတ်၊ ဘောလ်ပင်မီးရှို့အစက်တွေချပြ
ကိုစန်းထိုက်ဝင်း က ၂၀၁၁ ခုနှစ်မှာ ကိုမျိုးအိမ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ခေါ်တုန်းက ဆီတို့ဖူး စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိုက်လာခဲ့ကြောင်း၊ လှေထဲမလိုက်လိုကြောင်း ပြောဆိုတဲ့ အတွက် လူအများရှေ့မှာ ပဲ လက်နဲ့ လည်ပင်းတွေကို ဓားနဲ့ ခုတ်ခံခဲ့ရတဲ့ အတွက် နောက်ဆုံး လှေထဲလိုက်မယ်လို့ ဝန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာတွေကြောင့် ချက်ချင်း လှေထဲကိုမလိုက်ရဘဲကိုမျိုးရဲ့အိမ်မှာထမင်းချက်အဖြစ်နဲ့ နေရချိန် မှာ သတ်ဖြတ်မှုတွေကိုမြင်ခဲ့ရတာလ
ကိုမျိုးဟာ မြင်းဆေးခေါ် စိတ်ကြွဆေးတွေကို ရောင်းချနေတာကိုလည်း တွေ့ရပြီး လှေလိုက်ရင်း ထွက်ပြေး သူတွေကို သူ့လက်ရင်း တပည့်တွေကို အပြင်မှာပဲ ပစ်သတ်ခိုင်းတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း လှေလိုက် ဖို့ ငြင်းဆန်တဲ့ မြန်မာနိုင်ငံသားတွေကို ကိုမျိုးရဲ့ လက်ရင်းတပည့်တွေက “ဂျစ်ကန်ကန်လုပ်တဲ့ကောင်တွေ
ကိုမျိုးကို ဖမ်းမမိခင်ရက်ပိုင်းအလိုမှာ
ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်စစ်ဆေးသိရှိချက်များအရကိုမျိုးဆိုသူမှာပဲခူးတိုင်း၊ကဝမြို့နယ်သားဖြစ်ကြောင်း သိရပြီး အဖမ်းဆီးခံထားရတဲ့ သူရဲ့တပည့်တွေဟာလည်း ကိုမျိုးဆီမှာ လုပ်သက် ၇-၈ နှစ် ရှိပြီဖြစ်ကြောင်းနဲ့ မကြာသေးခင်က ကရင်မိန်းကလေးငယ် တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု၊ လူသတ်မှုတွေနဲ့ လူကုန်ကူး မှုတွေကို ထိုင်းတရားရုံးမှာ ဝန်ခံထားပြီးဖြစ်ကြောင်း ဦးနိုင်ထွန်းက ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူတွေထ
“ကျနော် လုပ်နေတဲ့ ၇ လ အချိန်ထဲမှာပဲ မြန်မာနိုင်ငံကနေ အလုပ်လုပ်ဖို့ သူ့ဆီရောက်လာတဲ့ လူဦးရေ ၇၀၀၊ ၈၀၀ လောက်ရှိတယ်၊ ဘယ်သူမှ ပိုက်ဆံမရကြဘူး၊ ထွက်ပြေးလဲ ကတန်ရဲစခန်းက ဖမ်းပြီး ကိုမျိုး ဆီကိုပဲ ပြန်ပို့တယ်” လို့ ကိုစန်းထိုက်ဝင်းက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ကိုမျိုးကို ဖမ်းဆီးပြီးတဲ့နောက်မှာ သူပိုင်ဆိုင်မှုတွေကိုလည်း ပိတ်သိမ်းထားတယ်လို့ သိရ ပါ တယ်။ လာမယ့် တနင်္လာနေ့မှာ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သတင်းထုတ်ပြန်မယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။
ကိုမျိုးကို ဖမ်းဆီးရမိပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိ ရဲဝန်ထမ်းတွေကိုလည်း စီစစ်အရေးယူသွားဖို့ ရှိ တယ်လို့ ထိုင်းအထူးရဲတပ်ဖွဲ့တွေဆီကတ
ဧရာဝတီ
No comments:
Post a Comment