address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, August 10, 2013

မကဒတနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတို့ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကလေး ၊ ဘုရားသုံးဆူ၊ မူဆယ်နှင့် လွိုင်ကော်မြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

10.8.2013

ကလေး ၊ ဘုရားသုံးဆူ၊ မူဆယ်နှင့် လွိုင်ကော်မြို့များတွင်ဆက်ဆံရေးရုံးများဖွင့်လှစ်နိုင်ရန်ဆက်  လက်ညှိနှိုင်းဆောင်ရွက်မှု အပါအ၀င် အချက် ၁၂ ချက်ပါ သဘောတူညီချက်များဖြင့် ပြည်ထောင် စုအဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်အား မကဒတနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းကော်မတီတို့ယနေ့ ညနေပိုင်းတွင် ရေးထိုးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့် သဘောတူညီမှုတွင် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် နှစ်ဖက်စလုံးမှ ဆောင်ရွက်ရန်၊ မကဒ တမှအဆိုပြုသော ဒီမိုကရေစီအရေး ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စ ရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးရန်၊မကဒတ အား မတရားသင်းသတ်မှတ်ထားမှုအား ပယ်ဖျက်ပေးရေး ဆက်လက်ဆွေးနွေးရန်စသည့် အချက် များအပါအ၀င် ၁၂ ချက်ပါဝင်ကြောင်းသိရသည်။

NLA
Popular Myanmar News Journal

No comments:

Post a Comment