address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, August 1, 2013

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ


1.8.2013

ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးတို့ကို ဦးတည်သော တွေ့ ဆုံဆွေးနွေးပွဲကို ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉) နာရီက သထုံမြို့ ကျုံးကြီးလမ်း၊ သာသနာ့ဝုဒ္ဓိစာ သင် တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


သဘာပတိများအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင် ကျော် သိန်း၊ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည် သူ့ပါတီမှ ပဒိုမန်းထွန်းတင်၊သထုံမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌဦးစောစံတင်တို့က ဆောင် ရွက်ကြပြီး အခမ်းအနားကို ကရင်အမျိုးသားအလံတော်အား အလေးပြုဖွင့်လှစ်ကာ စန်းရိပ်မြိုင်ဆရာတော် ဦးကောသိတမှ သြ၀ါဒစကားမြွက်ကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ အလုပ်အမှုဆောင် ပဒိုမန်းထွန်းတင် က ဆွေးနွေးပွဲကျင်းပရခြင်း နှင့်ပါတ်သက်၍လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အခန်း ကဏ္ဍအ တွက် သထုံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်းကလည်းကောင်း၊ ကရင်အမျိုးသား စည်း လုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဆောင်ရွက်ချက်များကို ကရင်ပြည်သူ့ပါတီက နော်ဆာထူးတို့က လည်းကောင်းအသီးသီး ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲနဲ့ပါတ်သက်ပြီး ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အလှည့်ကျသဘာပတိ အဖွဲ့ဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်ရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်း ကိုယ်တိုင်ဖိတ်စာနဲ့ကို ကရင်တစ်မျိုးသားတစ်ဦးချင်းစီကို ဖိတ်စာပို့ပြီးဖိတ်တာပါ။ ဖိတ်စာနဲ့အတူ (၁) ကရင်ပြည်သူများအတွက် အပါအ၀င် ပြည်တွင်းငြိမ်းချမ်းမှုဖေါ်ဆောင်ရေး ဖြစ်စဉ်တွင် စစ်မှန်သော ငြိမ်းချမ်းမှုကို ရရှိရန် ကရင်ပြည် နယ်ပြင်ပတွင် နေထိုင်သော ကရင်တိုင်းရင်းသားတစ်ဦးအနေဖြင့်မည်ကဲ့သို့တည်တံ့ခိုင်မြဲအောင်ကြံဆောင် မည်နည်း၊ (၂) မွန်ပြည်နယ်တွင် နေထိုင်သော ကရင်အမျိုးသားများအနေဖြင့် အနယ်နယ်အရပ်ရပ်တွင် နေ ထိုင်သော ကရင်အမျိုးသားများနှင့်စည်းလုံးမှုကို မည်ကဲ့သို့ တည်တံ့ခိုင်မြဲအောင် ကြံဆောင်မည်နည်း၊ (၃) ကရင်စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသမ်းရန်အတွက် ကရင်ပြည်နယ်ပြင်ပရှိ ကရင်အမျိုးသားများအနေဖြင့် မည်ကဲ့သို့ အကြံပြုဆောင်ရွက်သင့်သနည်း။ (၄) ကရင်အမျိုးသားများအတွက် အခြားတင်ပြလိုသော အကြောင်းအရာများဆိုပြီး အချက် (၄)ချက်ကိုလည်းကြိုတင်ဝေငှပေးတဲ့ အတွက် စနစ်တကျလုပ်ဆောင် ထားတဲ့အတွက် ကျေနပ်မှုရှိကြောင်း ဖိတ်ကြားခြင်းခံရတဲ့ သထုံမြို့နေ ဦးစောဝင်းသိန်းက ပြောပါတယ်။

ကရင်အမျိုးသားရေးနဲ့ပါတ်သက်ပြီး ဒီဆွေနွေးပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်သိရပါတယ်။ သထုံမှနေတဲ့ ကာလ တစ်လျှောက်မှာ ဒီတစ်ကြိမ်ဘဲ တက်ရောက်ခွင့်ရတဲ့အတွက် ၀မ်းသာရကြောင်းကိုလည်း အခမ်းအ နားဖြစ်မြောက်ရေးအတွက် ကို တက်တက်ကြွကြွဆောင်ရွက်ပေးနေတဲ့ ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ၀င် သမီးပျိုတစ်ဦးကလည်းပြောပြပါတယ်။ သထုံမြို့ပေါ်ရှိ ကရင်အမျိုးသားဆရာတော်များ၊ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော်များ၊ သထုံ၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို များကဖိတ်ကြား ထားသော ကရင်အမျိုးသားများ ၊ သထုံခရိုင် ကေအန်ယူ တပ်မဟာ (၁) ဆက်ဆံရေးရုံးမှ ခရိုင်အတွင်းရေး မှူး ပဒိုစောကိုလေးနဲ့ အဖွဲ့ဝင်များတက်ရောက်ကြပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်မှ ကရင်အမျိုးသား ၀န်ကြီးများကတော့ သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြှပ်မှု များကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းသိရှိရပ်တယ်။ အခမ်းအနားကိုတော့ ကရင်အမျိုးသားသီချင်း ကို သံပြိုင်သီဆိုပြီး ရုတ်သိမ်းခဲ့ပါတယ်။

Kayan Times

No comments:

Post a Comment