address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 12, 2013

ရေဘေးသင့် ဒေသများကို ကန်ဒေါ်လာ တစ်သိန်းကျော် JICA ထောက်ပံ့မည်


12.8.2013

မြန်မာနိုင်ငံတွင်း ရေကြီးနစ်မြုပ် ဒေသများရှိ ဒေသခံများအတွက် ကူညီ ကယ်ဆယ်ရေး အထောက်အပံ့ အဖြစ် အမေရိကန် ဒေါ်လာ တစ်သိန်းသုံးသောင်းကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေ ဂျင်စီ (JICA) က ပေးအပ်သွားမည် ဖြစ်ကြောင်း JICA ၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။


ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများကို အရေးပေါ် ပြန်လည် ကူညီ ကယ်ဆယ်နိုင်ရေး အတွက် အ ဆိုပါ ငွေကို ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပြီး စောင်၂၁၀၀ထည်နှင့်အိပ်ရာခင်း၂၁၀၀စုံတို့ကိုလည်း ဖြန့်ဝေ   ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္လာရီတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး နစ်မြုပ် မှုကြောင့် လူခြောက်ဦး သေဆုံး ပြီး နှစ်သောင်းကျော် နေရာ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ရေဘေး ဒုက္ခသည်များ အနေနှင့်လည်း ယာယီ ကူညီ ကယ်ဆယ်ရေး စခန်း ၆၀ ခန့်တွင် နေထိုင်နေ ရကြောင်း JICA က သတင်း ထုတ်ပြန်သည်။

တိုင်းဒေသကြီး မြို့နယ် အချို့တွင်လည်း ဇူလိုင်လ ၃၀ ရက်နေ့က စတင်၍ သြဂုတ်လ ၄ ရက်နေ့အထိ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် များ ရေနစ်မြုပ်ခဲ့ပြီး စပါး စိုက်ခင်း ဧက အများအပြား ပျက်စီး ဆုံးရှုံးခဲ့သည်။

No comments:

Post a Comment