address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, August 14, 2013

KNU/KNLA ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တချို့နှင့် အရပ်သားတစ်ဦး အပြန်အလှန်ပစ်ခတ်ပြီး သုံးဦးသေဆုံး


14.8.2013

ကရင် ပြည်နယ် ဘားအံမြို့နယ်တွင် ယနေ့နံနက် ၈နာရီက ပစ်ခတ်မှု တစ်ခုကြောင့် (KNU/KNLA) တပ်ဖွဲ့မှတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အ ရပ်သား တစ်ဦးတို့ နေရာတွင် သေ ဆုံးခဲ့ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့ ရုံး မှ သိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၈နာရီခန့် က ကရင်ပြည်နယ် ဘားအံမြို့ နယ် ဘုရင်ဂျီကျေးရွာအနီးတွင် (KNU/KNLA)တပ်ဖွဲ့တပ်ရင်း ၇၀၉မှ အမည်ဘဂျမ်း (ဗိုလ်ကြီး အဆင့်)၊ တပ်ရင်း ၇၀၈မှ လှဝင်း (ဒုဗိုလ်အဆင့်)၊ ကရင်ပြည်နယ် မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နယ် ဆေးရုံမှ ဆေးရုံလုပ်သားစော ကျော်နေထူးနှင့် ယာဉ်မောင်း ထွန်း အောင်တို့သည် Toyota-tiger အမျိုးအစားယာဉ်ဖြင့် ကရင်ပြည် နယ် ဘားအံမြို့နယ် မြိုင်ကြီးငူ ဒေ သဘက်ကို လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဘားအံမြို့ နယ် ဘုရင်ဂျီ ကျေးရွာအနီးတွင် ဆေးရုံလုပ် သားစောေ ကျာ်နေထူးမှ ဒုဗိုလ် လှဝင်း၏ ခါးမှပစ္စတိုသေနတ်ဖြင့် ယာဉ်မောင်းထွန်းအောင်ကို သုံး ချက်၊ တပ်ရင်း ၇၀၉မှ ဘဂျမ်းကို နှစ်ချက်ပစ်ပြီးသူ၏ဦးခေါင်းကို ပြန်ပစ်ခြင်းဖြင့်သုံးဦးသေဆုံးမှုဖြစ် ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း  ဘားအံမြို့ နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဘာအံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမောင်မောင်ကြည်က ''ဘာကြောင့် အခုလို့ပစ်ကြတယ် ဆိုတာကို သူတို့ငြိမ်း ချမ်းရေးတပ်ဖွဲ့ ကတာဝန်ရှိသူတွေ စစ်ဆေးနေ တယ်။ သုံးဦးသေပြီး လှဝင်းတစ် ဦးကတော့ ဘာမှမဖြစ် ပါဘူး။ အ သေးစိတ်တော့ မသိသေး ဘူး''ဟု သတင်းကို အတည်ပြုရာမှ ပြောသည်။ အဆိုပါအခင်းဖြစ်ပွား ရာ နေရာသည် ရန်ကုန်မှ ကရင်ပြည် နယ်ကို သွားရောက်ပါက ဘား အံမြို့ကိုမဝင်မီ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်တွင်ရှိသည့် ဒေသဖြစ်ပြီး မကြာ သေးမီက အ စိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီထားသည့် ကရင်အ မျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့မှ တပ်မဟာ(၁)ထိန်းချုပ် ရာဒေ သတစ် ခုဖြစ်ပြီး ဘုရင်ဂျီ ကျေးရွာလမ်းများမှ ကရင်ပြည် နယ် ဖာပွန်ဒေသကမာမောင်းမြို့နယ်ခွဲများကိုသွားရောက် နိုင်သည်။

အဆိုပါအခြေအနေများ နှင့်ပတ်သက်ပြီး ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ကိုင်ဆော င်ရွက်နေသူ တစ်ဦး က 'DKBAက လူတွေဖြစ်တာ လို့ သိရတယ်။ အချင်းချင်းစကား များပြီး ပစ်ကြတာ လို့ပြောတယ်။ ပစ်တဲ့သူ ကလဲ သူ့ကိုယ်သူပစ်သေ တယ်လို့ သိရတယ်။ KNU ဆက် ဆံရေးရုံးကတော့ သူတို့နဲ့မဆိုင် ဘူးလို့ပြောတယ်။ ဝါးဘိုးတော (ဘုရင်ဂျီ)ဘက်က ပြန်လာတဲ့ မိတ် ဆွေတစ်ဦးကတော့ မွန်းလွဲ ၂နာ ရီလောက်မှာ ဝါးဘိုးတောလမ်း ဘေးမှာ အလောင်း သုံးလောင်း တွေ့ခဲ့တယ်လို့ပြောတယ်''ဟု ယ နေ့ညနေ ၅နာရီခွဲခန့်က ပြော သည်။ အဆိုပါပစ်ခတ်မှုများနှင့် ပတ်သက်သည့် အသေးစိတ်အ ချက်အလက်များကို သက်ဆိုင်ရာ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ စုံစမ်းစစ် ဆေးမှုပြု လုပ်နေကြောင်း ဘားအံ မြို့နယ်ရဲတပ်ဖွဲ့ရုံးက ပြောသည်။

Yangon Media Group

No comments:

Post a Comment