address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 7, 2013

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ABSDF ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး ၈၈ မျိုးဆက်နှင့် တွေ့ဆုံဆွေးနွေး

7.10.2013

 မြန် မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များ တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ယင်းတို့၏ အမြင်သဘောထား များကို ၈၈မျိုးဆက် (ငြိမ်း/ပွင့်)နှင့်လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ယင်းဆွေးနွးပွဲကို အောက် တိုဘာ ၆ရက်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးခန်း၌ နံနက် ၁၀ နာရီမှ ၁၂နာရီအထိ ဆွေးနွေးခဲ့ ခြင်းဖြစ်ပြီး ၈၈မျိုးဆက်(ငြိမ်း/ ပွင့်)မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦး မင်းဇေယျာ၊ ဦးဌေးကြွယ်နှင့် ဦး ပြုံးချိုတို့ပါဝင်ခဲ့ကာ ABSDF မှ ဥက္ကဋ္ဌရဲဘော်သံခဲအပါအဝင် အ ဖွဲ့ဝင်ခြောက်ဦး ပါဝင်ခဲ့ကြောင်း သိ ရသည်။

ABSDF ဥက္ကဋ္ဌ ဦးသံခဲက ''ABSDF ရဲ့ခရီးစဉ်မှာ ကျွန်တော် တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အမြင် သဘောထား တွေ၊ လက်ရှိနိုင်ငံရေးအခြေအနေ နဲ့ ပတ်သက်တဲ့ အမြင်သဘော ထားတွေကို ကျွန်တော်တို့ရဲ့လုပ် ဖော်ကိုင်ဖက်တွေဖြစ်တဲ့ နိုင်ငံရေး အင်အားစုတွေ နဲ့ ဆွေးနွေးတာဖြစ် ပါတယ်''ဟု ဆွေးနွေးပွဲနေ့က ပြောသည်။

ယနေ့မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် အားလုံးသောနယ် ပယ်အသီးသီးမှ ပြောနေကြသည့် နိုင်ငံရေးပြဿနာများအား နိုင်ငံ ရေးနည်းဖြင့် ဝိုင်းဝန်းပူးပေါင်းဖြေ ရှင်းရမည်ဆိုရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ထိုမှတစ် ဆင့် နိုင်ငံရေးဆွေး နွေးပွဲအတွက် မူဘောင်များချမှတ်နိုင်ရန် ညှိနှိုင်း ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အား ဆက်လက်လုပ်ဆောင်သွား ရန်ဆိုသည့်အခြေခံအချက် သုံး ချက်ပေါ်မူတည်၍ အင်အားစုအား လုံးမှ အကြမ်းဖျင်းလက်ခံထားသော် လည်း လက်တွေ့တွင် ဆက်လက် ညှိနှိုင်းရမည့်အချက်များစွာ ကျန် ရှိနေသေးကြောင်း ယင်းကဆက် လက်ပြောသည်။

ဦးသံခဲမှ ဆက်လက်၍ ''အ ထူးသဖြင့် တစ်ပြည်လုံးအပစ်ရပ် စဲရေးကို အစိုးရဘက်က ကြေညာ ဖို့လိုမယ်။ နိုင်ငံရေးဆွေးနွေးပွဲအ တွက် မူဘောင်ညှိနှိုင်းပွဲတွေကို ဆက်လက်ပါမယ်ဆိုတဲ့ အာမခံ ချက်တွေရှိဖို့လိုတယ်။ တိုင်းရင်း သားတွေနဲ့ တော်လှန်ရေးအဖွဲ့အ စည်းတွေပြောနေတဲ့ ဖက်ဒရယ် တည်ထောင်ရေးဆိုင်ရာ ဖက်ဒရယ် စနစ်တွေကိုဆွေးနွေးဖို့ အာမခံ ချက်တွေလိုတယ်။ နောက်တစ်ခု က ပြည်ထောင်စုတပ်မတော်ဆိုင် ရာကိစ္စတွေ မလွဲမသွေဆွေးနွေးဖို့ စတဲ့အချက်တွေပေါ် ဘယ်လောက် တစ်ဦးနဲ့တစ်ဦးနားလည်ထားလဲ၊ ဘယ်လောက်ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရှိမလဲဆိုတဲ့အ ပေါ်လဲ အများကြီးမူတည်ပါတယ်'' ဟု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ် သက်၍ပြောသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဌေးကြွယ်က '' ABSDF ရဲ့ တစ် နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲတွေ မှာ ဝင်ရောက်ဆွေးနွေးမယ့်ကိစ္စရပ် တွေ ကို ဆွေးနွေးဖြစ်ခဲ့တယ်။ ကျွန် တော်တို့သဘောထားနဲ့ ABSDF ရဲ့ သဘောထားက ကွဲပြားမှုမရှိပါ ဘူး။ တိုင်းရင်းသားအားလုံး တန်း တူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုအာမခံပေးနိုင်တဲ့ အပစ်ရပ်တာ မျိုးဖြစ်ရပါလိမ့်မယ်''ဟု ဆွေးနွေးပွဲ နှင့်ပတ်သက်၍ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ အဖွဲ့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၄ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ် ကာ ပြည်တွင်းတွင် နှစ်ပတ်ကြာ နေထိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၅ရက်က လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီနှင့် တွေ့ဆုံခဲ့သည်။

Yangon Media Group

No comments:

Post a Comment