1.10.2013
ရှေ့ဆက် ဆွေးနွေး မှုများတွင် တဖွဲ့ချင်း ဆွေးနွေးမှုဖြင့်သာ ခေါ်ယူတွေ့ဆုံတော့မှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင် ဘာ (၂၈) ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့၏ တွေ့ဆုံပွဲ၌ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုခဲ့သည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့ သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင် က ဆိုပါသည်။
“ သူတို့ ဖိတ်လို့ သွားတွေ့တာပါ။ (၄) ဖွဲ့တွေ့တယ်။ အဲဒီ ဆွေးနွေးပွဲမှာဘဲ ဦးအောင်မင်းက ပြောပါတယ်။ နောက်တ ခါ တွေ့ရင် တဖွဲ့ချင်းဘဲတွေ့တော့မယ်။ UNFCနဲ့တွေ့တော့မှာ မဟုတ်တော့ဘူးလို့ ထည့်ပြောသွားတာ ဖြစ်ပါတယ်။ မွန်ပြည် သစ် ကိုယ်စားလှယ် ကလည်း ပြောပါတယ်။ လက်မှတ် ထိုးခဲ့ပြီးပြီး အခု ထပ်ထိုးရမယ်ဆိုတော့ ဒီကိစ္စ ဗဟိုကိုပြန် လည် တင်ပြပေးမယ်လို့” ဆိုသွားခဲ့ပါသည်။
ထို့အပြင် ထပ်မံ လက်မှတ် ထိုးရေးတွင် နိုင်ငံရေးဆွေးနွေးပွဲ ရက်သတ်မှတ်ပေးနိုင်မလား ဆိုသည့်မေးခွန်းနှင့် တိုင်းရင်း သား ဒေသ၌ ရှိနေသော အစိုးရရှေ့တန်းတပ်ဖွဲ့များ နေရပ်ရင်း တပ်ဌာနချုပ်သို့ပြန်သင့်ကြောင်း အဆိုကို ပါ တင်ပြ ခဲ့ပါ သည်။ အစိုးရ ကိုယ်စားလှယ်များသည် ဤမေးခွန်းများအား ပြန်လည်ဖြေကြားခြင်းမရှိဘဲ ၄င်းတို့၏ တပြည်လုံး အပစ် အ ခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်မည် ဖြစ်သည်ဟု သာ ဆွေးနွေး ခဲ့ပါသည်။
ဆွေးနွေးပွဲသည် နေ့လည် (၁၂) နာရီခွဲမှ ညနေ (၃) နာရီ အထိ ကျင်းပခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေးသည် အပြန်အ လှန် ယုံကြည်မှု အပေါ်၌ မူတည်ကြောင်း၊ ဤသို့ကြောင့် တိုင်းရင်းသား အဖွဲ့များသည် ၄င်းတို့ဒေသ၌ ရှိသော အစိုးရ တပ် ဖွဲ့များ ဆုတ်ခွာပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။
အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် ညီညွတ်သော တိုင်းရင်းသား လူ မျိုး များ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တွေ့ဆုံခြင်း မပြုတော့သည့် အပေါ် မဟုတ်မှန်ကြောင်း ဦးအောင်မင်းမှ UNFC အား အကြောင်းပြန်ကြား ခဲ့သည်ဟု အတွင်းရေးမှူး (၂)ဖြစ်သူ ခွန်ဥက္ကာမှဆိုပါသည်။
“ UNFC နဲ့မတွေ့တော့ဘူးလို့ ပြောတာမဟုတ်ဘူးတဲ့ အဓိပ္ပါယ် အကောက်လွှဲတာ ဖြစ်မယ်တဲ့။ တဖွဲ့ချင်းနဲ့ဘဲတွေ့ မယ်။ UNFC ကိုတော့ လေ့လာသူအဖြစ်နဲ့ဘဲ ဖိတ်တော့မယ်လို့ ပြောတာဖြစ်တဲ့ အကြောင်းဦးအောင်မင်းတို့ကUNFCအ ကြောင်း ကြားခဲ့သည်ဟု ဆိုပါသည်။
အစိုးရ၏ ငြိမ်းချမ်းရေး စင်တာ (MPC) အဖွဲ့သည် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များနှင့် ၄င်းတို့ သဘောတူထား သည့် ပြည် နယ်အဆင့် အချက်များနှင့် ပြည်ထောင်စု အဆင့်မူများကို ကျောခိုင်းခဲ့ပြီး ဖြစ်သည်။ နိုင်ငံတကာ ကိုယ်စားလှယ် များ ရှေ့ တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရမည်ဟု အတင်း ဖိအားပေးနေခဲ့ပါသည်။ ယခုလည်း UNFC ကို သွယ် ၀ိုက်ေ သာ နည်းဖြင့် ပံ့ထုတ်နေပြန်ပါသည်။ တဖွဲ့ချင်းကို ဖိအားပေး၍ အဆင်ပြေသဖြင့် ကျင်းသုံးသည်ဟု ဝေဖန် နေကြပါသည်။
ယင်းဆွေးနွေးပွဲသို့ မွန်ပြည်သစ် ပါတီ အပါဝင် ကရင်အမျိုးသားအစည်းအရုံးKNU၊ကရင် ငြိမ်းချမ်းရေးကောင် စီ KNU / KNLA နှင့်ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တို့၏ ကိုယ်စားလှယ် များသာ ဖိတ်ကြား ခဲ့ပါသည်။
ဤကဲ့သို့ သဘောထား ပြောင်းလဲလာသော အစိုးရ အခြေအနေတွင် KNU သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်မံ တွေ့ဆုံ ခဲ့ကြပါသည်။ KNU သည် အစိုးရ တပ်မတော်နှင့် ၉၉.၉၉ ရာနှုန်း အထိ နားလည်မှု ရနေပြီး ဖြစ်ကြောင်း ပဒို မန်းငြိမ်းမောင်မှ မီဒီယာများကိုပြောကြားနေပါသည်။ သို့သော် အစိုးရတပ်များ ဆုတ် ခွာပေး ရေး ကို ယနေ့အထိ တောင်းဆိုနေသော်လည်း လိုက်လျှောခဲ့ခြင်း မရှိသေးပေ။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ပြင်းထန်စွာ ဖိအားပေး လာနေသည်ဟု ဝေဖန်နေကြပါသည်။ လာမည့် အောက်တိုဘာလ ပထမပတ် အတွင်း နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲကျင်းပနိုင် ရေး ကို အပူတပြင်း ကြိုးပမ်းနေသည်ဟု ဆိုပါသည်။
သို့သော် ယနေ့အထိ အစိုးရ၏ အစီစဉ်ကို လက်ခံခြင်း မရှိသေးဟု ယူဆ ရမည် ဖြစ်ပါသည်။ အစိုးရ၏ ဤအကွေ့ အလှည့် သည် နိုင်ငံရေး အရ တိုင်းရင်းသား များကို ပြင်းထန်စွာ ဖိအားပေး လိုက်ခြင်းပင် ဖြစ်ပါသည်။
ရွှေဟင်္သာ
No comments:
Post a Comment