1.2.2014
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မ တီသည် ရန်ကုန်တိုင်း၊ ပဲခူး တိုင်းဒေသ၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဧရာဝတီတိုင်းတွင် နောက်ဆုံးကျင်းပခြင်းဖြစ်ကာ တိုင်းနှင့် ပြည်နယ်များ ကျင်းပအပြီးတွင် မြန်မာနိုင်ငံဆိုင် ရာ ကရင်အမျိုးသားညီလာခံကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ကော်မတီဝင် ၅၂ ဦးဖြင့် ဖွဲ့စည်းပြီး၊ ကရင်အ မျိုးသား စာပေ၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို ပထမနေ့တွင် အဓိကထားဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဟု KNU ကရင်ငြိမ်းချမ်း ရေးကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
“အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တစ်ဖက်သတ် ဆွေးနွေးတယ်၊ လက်နက်ချ အညံ့ ခံရေးပေါ်လစီပဲ အောက်မှာတင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဘယ်လိုအောင်မြင်မလဲ။ နောက် အစိုးရ ယာယီဖြေရှင်းတဲ့သဘောနဲ့ပဲ လုပ်ခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေ ရှင်းဖို့ ကျွန်တော်တို့ အားလုံး လိုချင်တယ်။ ဒါမှ တည်ငြိမ်အေးချမ်းတဲ့ ငြိမ်းချမ်းရေး ရရှိမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံပြုထား တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည့်အတွက် အဖွဲ့အစည်းများအားလုံးနှင့် တိုင်းရင်းသားများ အားလုံး ကလည်း အဆိုပါဖွဲ့စည်းပုံပြင်ဆင်နိုင်ေ ရး သမ္မတထံ တင်ပြထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက် ပြောသည်။
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဒေါက်တာနော်ရီသက် သာတင်က “ကရင်တိုင်းရင်းသားတွေက စစ်ဒဏ်ကို အများဆုံး ခံခဲ့ရပါတယ်၊ ကရင်အမျိုးသားတွေစည်း ရုံးဖို့လိုပါတယ်။ ပြည်နယ်နှင့်တိုင်းအလိုက်တွေ့ဆုံပွဲတွေ ကျင်းပပြီးစီးသွားရင်တော့ ညီလာခံတစ်ခုကျင်း ပမှာပါ”ဟု ပြောသည်။
ဧရာဝတီတိုင်း ကရင်လူထုနှင့်တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်၊ လွှတ်တော်ဒုဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဝန်ကြီးများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ကြသည်။
Mizzima
No comments:
Post a Comment