address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 14, 2014

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီ ၁၃၀၀ ခန့်အား မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ ဖော်ပြ


14.2.2014

ထိုင်းနိုင်ငံတစ်ဝန်းရှိ တရားမဝင်ခိုးဝင် လာသူများ ထိန်းသိမ်းရေး စခန်းများနှင့် ဒုက္ခ သည်စခန်းများတွင် လွန်ခဲ့သည့်နှစ် ဇန်နဝါရီလကတည်းက ထိန်းသိမ်းထားခဲ့သော ဘင်္ဂါလီဦးရေ ၁၃ဝဝ ခန့်အား မြန်မာ နိုင်ငံ သို့ လွန်ခဲ့သည့် သုံးလကတည်းက ပြန်လည် ပို့ဆောင်ပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင် မှုကြီးကြပ်ရေးဗျူရိုမှ မဟာမင်းကြီး Pharnu Kerdlarpphon ၏ ပြောကြားချက်ကို ကိုး ကား၍ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင် စာက ဖော်ပြခဲ့သည်။

၎င်း၏ ဘန်ကောက်ပို့စ်သို့ ပြောကြား ချက်အရ အဆိုပါ ဘင်္ဂါလီများကို ထိုင်း-မြန်မာနှစ်နိုင်ငံ အာဏာပိုင်များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဘင်္ဂါလီများကို ပို့ဆောင်ရာ၌ နှစ်နိုင်ငံအာဏာပိုင်များအပြင် လူနည်းစုအခွင့်အရေးအကာအကွယ်ပေးရေး လှုပ်ရှားနေသည့် အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များလည်း လေ့လာစောင့်ကြည့်ရန် ဖိတ်ကြားခံခဲ့ရသည် ဟု သိရသည်။

ရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး Pharnu က ပြောဆိုရာတွင် ပြည်နယ်လူဝင်မှု ကြီး ကြပ်ရေးအရာရှိများက ထိန်းသိမ်းခံထားရ သည့် ဘင်္ဂါလီများကို ထိုင်းနိုင်ငံ ရနောင်းမြို့ ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်လာ ခဲ့ပြီး ထိုမှတစ်ဆင့် လှေများဖြင့် ရနောင်းနှင့် ကပ်လျက် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ယခုလို ပြန်လည်ပို့ဆောင်ခြင်း အစီအစဉ်သည် လွန်ခဲ့ သည့် သုံးလကတည်းက ပြီးစီးသွားပြီဟု ဆို သည်။

“သူတို့ကို ပို့ဆောင်ရာမှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီပဲ ပို့ဆောင် ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်နေရာ ခေါ်ဆောင်သွားမှာလဲ ဆိုတာကိုတော့ ကျွန် တော်တို့ သိခွင့်မရပါဘူး”ဟု ၎င်းက ပြော ကြားခဲ့သည်။ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံလုံးက ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်းစဉ်ကို ရှင်း ရှင်းလင်းလင်းနှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ မြန်မာဘက်မှ အာဏာပိုင်များက ပို့ ဆောင်ခဲ့သည့် ဘင်္ဂါလီဦးရေကို မှတ်သား ထားရှိပြီး နှစ်နိုင်ငံတွင်ပြန်လည်ပို့ဆောင်မှု မှတ်တမ်းများရှိကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး Pharnu က ဆက်လက်ပြောဆိုရာတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် ထိုင်းအစိုးရသည် ဘင်္ဂါလီများအား ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ကြောင်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများလည်း ပေးအပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေးအဖွဲ့မှ ဆရာဝန်များသည် အပတ်စဉ်တိုင်း ထိန်းသိမ်းခံ ဘင်္ဂါလီများ၏ ကျန်းမာ ရေးအခြေအနေကို စစ်ဆေးပေးပြီး ပြင်းထန် သော နာမကျန်းမှုများကို ဒေသတွင်းဆေးရုံ များသို့တင်ပို့ကာ ကုသမှုခံယူစေခဲ့သည်ဟု သိရသည်။ ထိန်းသိမ်းထားစဉ်အတွင်း ဘင်္ဂါလီ ၁၃ဝဝ အနက် ကူးစက်ရောဂါများကြောင့် ရှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဘင်္ဂါလီများကို ပြန်လည်ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ Sunai Pasuk က ပြောဆိုရာတွင် မြန်မာနိုင်ငံသည် ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် မည်သည့်အချိန်ကမှ အသိ အမှတ်မပြုခဲ့သောကြောင့် မြန်မာနိုင်ငံသို့ပို့ ဆောင်ခံရသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မိပါကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ချိန် တွင် ဘင်္ဂါလီများအနေဖြင့် ခြိမ်းခြောက်မှုများ နှင့် ကြုံတွေ့ရနိုင်သည်ကို သိရှိလျက် ထိုင်း အာဏာပိုင်များက ယခုလိုပြန်လည်ပို့ဆောင် ခြင်းသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရ သည့် ဘင်္ဂါလီများသည် လှေများမှတစ်ဆင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်၊ ထိုမှတစ်ဆင့်ဩစတြေး လျနိုင်ငံသို့ သွားရောက်ခိုလှုံနိုင်ရန်ဖြစ်သည်

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ The Daily Eleven က ဆက်သွယ်မေးမြန်းရာတွင် “ထိုင်းမှာ ရောက် နေတဲ့ ဘင်္ဂါလီတွေက ၁၇ဝဝ ကျော်လောက် ရှိတယ်။ သူတို့က မြန်မာနိုင်ငံကလာတယ် ဆိုပြီးတော့ ပြောတာနဲ့ မြန်မာနိုင်ငံကလို့ သတ်မှတ်လို့မရဘူး။ ဒါကို သေချာစစ်ဆေး ဖို့လိုတယ်။ ကျွန်တော်တို့ဌာန အနေနဲ့ အဲဒီ ဘင်္ဂါလီတွေကို ပြန်ခေါ်ထားတာမျိုးလည်း မရှိဘူး။ ထိုင်းအစိုးရအနေနဲ့ ကျွန်တော် တို့ကို အကြောင်းကြားခြင်းလည်း မရှိသေးပါဘူး”လူဝင်မှုကြီးကြပ်ရေးဌာနမှ ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်းက ဖြေကြားသည်။

Eleven Media Group

No comments:

Post a Comment