5.2.2014
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုးခုတွင် ဒုက္ခသည်ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ၁၂၈,၂၀၀ ဦးရှိရာ မှ၂၀၁၃ ခုနှစ်တွင် ၁၁၉,၁၅၆ ဦးသာရှိတော့သဖြင့် ဒုက္ခသည်ဦးရေသည် ၂၀၁၂ ခုနှစ်နှင့်ယှဉ်လျှင် ၉,၀၄၄ ဦး လျော့နည်းသွားခြင်း ဖြစ်သည်။ ထိုသို့လျော့နည်းသွားခြင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ပြန်လည်နေရာချထားရေးအစီအစဉ်အရ ဒုက္ခသည်ဦးရေ အနည်းဆုံး ၇,၆၄၉ ဦးကို တတိယနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်ဟု TBC က ဆိုသည်။
သို့သော် ယခုကဲ့သို့ ဒုက္ခသည်ဦးရေ လျော့နည်းသွားသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ် စပ်ရှိ ဒုက္ခသည်စခန်းသို့ ဒုက္ခသည်အသစ်များ ၃,၃၀၀ ဦး ရောက်ရှိလာပြီး ကလေးမွေးဖွားမှုသည် ၃,၁၃၇ ဦးရှိခဲ့သည်ဟု TBC ၏ အမှုဆောင်ဒါရိုက်တာ Sally Thompsonက ပြောသည်။
Mizzima

No comments:
Post a Comment