4.2.2014
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးနေသည့် ပန်းချီကားအပါအ၀င် ပင်လုံနှင့်သက်ဆိုင်သည့် ပန်းချီကားသုံးကားပါဝင်သည့် ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်များတွင် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင် ကျင်းပသွားမည်ဟု ယင်း ပန်းချီကားများရေးဆွဲသူ တောင်ကြီးဒေသခံ ပန်းချီဆရာကိုစိုင်းလင်းမြတ်က ဖေဖော်ဝါရီ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
“သမိုင်းတစ်လျှောက်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနေတဲ့ ပုဂ်္ဂိုလ်တွေကို ဘယ်သူမှ မမြင်ဖူးတာ တစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိုင်းပွန်စော်ဘွားကြီးကိုတော့ အာဇာနည်ပုဂ်္ဂိုလ်တွေဆိုပြီး သိကြ တယ်။ ကျန်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကို မသိမမြင်ဖူးကြလို့ ရေးဆွဲပြသပေးခြင်းဖြစ်တယ်”ဟု ပြောသည်။
ပန်းချီကားများရေးဆွဲရာတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင် ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတိ္တရှာဖွေရခြင်း ၊ ဓာတ်ပုံများရှာဖွေရခြင်းများ ပြုလုပ်ခဲ့ရပြီး နှစ်နှစ်ခန့် အချိန် ယူ ရေးဆွဲခဲ့ရသည်ဟုလည်း ကိုစိုင်းလင်းမြတ်က ဆိုသည်။
“ပြည်ထောင်စုနေ့အကြောင်းပြောမယ် ဆိုရင် ပင်လုံစာချုပ်ဆိုတာမပါဘဲ မဖြစ်နိုင်ပါဘူး။ ပင်လုံစိတ်ဓာတ် ပင်လုံညီလာခံလို့ ပြောနေကြတဲ့သူတွေကိုယ်တိုင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ တဲ့သူတွေကို မသိ ကြဘူး။ သူတို့ကိုလည်းသိစေချင် အထောက်အကူဖြစ်စေချင်သလို သန်း၆၀ သောပြည်သူတွေကိုလည်း သိစေချင်လို့ ရေးဆွဲပြသခြင်းဖြစ်တယ်”ဟု ပြောသည်။
အဆိုပါပြပွဲတွင် ဆီဆေး၊ အခရိုင်းလစ်ဆေးအမျိုးအစားတို့ဖြ င့် ရေးဆွဲထားသည့် ပင်လုံကျောက်တိုင်ပန်း ချီကား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး နေသည့် ပန်းချီကား၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ၏ ပုံတူပန်းချီကားသုံးကားကို ၉ ပေ x ၆ ပေ အရွယ်အစား တစ်ကား၊ ၆ပေ x ၄ပေ အရွယ်အစား တစ် ကား၊ ၃ပေ x ၂ပေ အရွယ်အစားတစ်ကား စုစုပေါင်း သုံးကားပြသမည်ဖြစ်သည်။
ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးရန် ပင်လုံမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း စတင်ရောက်ရှိခဲ့သည့် ၁၉၄၇ ဖေဖော်ဝါရီ ၈ ရက်ကို ရည်ရွယ်ပြီး ပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခြင်းဖြစ်သည်ဟုလည်း ကိုစိုင်း လင်းမြတ်က ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြပွဲကျင်းပခြင်းနှင့်ပတ်သက်၍လည်း “မြန်မာ့ငြိမ်းချမ်းရေးစင်တာဆို တာ ကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပင်လုံစာချုပ်ဆိုတာကလည်း တစ် နိုင်ငံလုံးနဲ့သက်ဆိုင်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ ပင်လုံမှသည် ငြိမ်းချမ်းသော ပြည်ထောင်စုဆီသို့ ဦးတည် ပန်းချီပြပွဲပြုလုပ်ရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကူညီပံ့ပိုးပေးထားခြင်းဖြစ်ကာ ပွဲကျင်းပသည့်နေ့တွင် အစိုးရ၀န်ကြီးများ၊ နိုင်ငံ ရေးပါတီများ၊ စာပေယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ပန်းချီအသိုင်းအ၀ိုင်းများအားလုံးသို့ ဖိတ်ကြားပြသ သွားမည် ဖြစ်သည်။
ပင်လုံမှသည် ငြိမ်းချမ်းသော ပြည်ထောင်စုဆီသို့ ဦးတည် ပန်းချီပြပွဲသည် ပန်းချီဆရာ စိုင်းလင်းမြတ်၏ ပထမဦးဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲဖြစ်ြ ပီး သူသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အဖွဲ့လိုက် ပန်း ချီပြပွဲများ ပြသခဲ့ဖူးသည်။
Mizzima
No comments:
Post a Comment