1.78.2013
ရန်ကုန်မြို့ရှိ
ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ် ပြောင်းလဲနိုင်ရေး အတွက်ယဉ်ကျေးမူဝန်ကြီးဌာနမှလိုအပ်သောသမိုင်းဆိုင်ရာအချက်အလက်များကိုစုဆောင်းနေကြောင်း
သတင်း ရရှိသည်။
ယခုလက်ရှိ ကန်တော်မင် ပန်းခြံအား ယခင်က ဦးဥတ္တမပန်းခြံ အဖြစ်သတ်မှတ်ခဲ့သော်လည်း ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အိမ်စောင့် အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်တော်မင် ပန်းခြဲ အဖြစ် ပြန်လည် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ဦးဥတ္တမ ပန်းခြံအဖြစ် သတ်မှတ်ခဲ့စဉ် ရှိခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို ယဉ်ကျေးမူ ၀န်ကြီးဌာသို့ ပြည့်ပြည့်စုံစုံ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်း သားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ယခုလို အတည်ပြု ပြောဆိုသည်။
“ ယဉ်ကျေးမူ ၀န်ကြီးဌာနက ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခဲ့စဉ်က ရှိခဲ့တဲ့သမိုင်းဆိုင်ရာ အချက်အ လက်တွေကို ပို့ပေးဖို့ ပြောဆိုလာတဲ့အတွက် ကျွန်တော်တို့ဆီမှာရှိတဲ့ သမိုင်းဆိုင်ရာ အချက်အ လက်တွေ အကုန်လုံးကိုပို့ပေးလိုက်ပြီဖြစ်ပါတယ်”ဟု ဆိုသည်။
ယဉ်ကျေးမူဝန်ကြီးဌာနမှ ယခုအခါ အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိသွားခဲ့ပြီ ဖြစ်သဖြင့် ကန်တော် မင် ပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် ပြောင်းလဲနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးကို ဆက်လက်ပို့ပေးပို့မည်ဟု ဆိုသည်။
“ အခု ကျွန်တော်တို့သိရတာက အခုနိုင်ငံတော်သမ္မတရုံးကို ဆက်လက် ပေးပို့ သွားမယ်လို့ သိရပါ တယ်။ နိုင်ငံတော် သမ္မတရုံးကနေ အတည်ပြုပြီးရင် ရန်ကုန်တိုင်း ဒေသကြီးကို ဆက်လက်ပို့ပေး ပါမယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ စည်ပင်သာယာကို ညွှန်ကြားချက်ထုတ်ရင် ဦးဥတ္တမပန်းခြံ အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးကဆိုသည်။
ယခုအခါ ကန်တော်မင်ပန်းခြံအား ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ် လာခြင်းမှာ ရန်ကုန်မြို့တော်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲရေး အစီအစဉ် ရှိမရှိကို အဆိုကို ပြည်သူ့လွှတ်တော်တွင် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ဇွန်လ ၂၇ ရက်နေ့က တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။
ပြည်သူ့လွှတ်တော် အမတ်ဦးမောင်ညိုက ရန်ကုန်မြို့တွင် မြန်မာလွတ်လပ်ရေးအတွက် ကြိုးပမ်း ခဲ့ကြ သည့် မြန်မာ့ ခေါင်းဆောင်များအား ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်း၊ ဦးဝိစာ ရ ကျောက်တိုင်၊ ဦးဝိစာရလမ်း စသည့်ဖြင့် ဂုဏ်ပြုထားကြသော်လည်း
အလားတူ မြန်မာလွတ်လပ်ရေးကို စတင်မျိုးစေ့ချပေးခဲ့သူ ဦးဥတ္တအား ဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်ရှိ ကန်တော်မင်ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် ပြောင်းလဲရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။
ထိုစဉ်က သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက လွတ်လပ်ရေး မရခင်ကာလတွင် အဆိုပါ ပန်းခြံကို တည်ဆောက်ခဲ့ပြီး ဦးဥတ္တပန်းခြံအဖြစ် အထောက်အထား မတွေ့ရကြောင်း၊
၁၉၈၉ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်မွန်းမံခဲ့၍ ၁၉၈၉ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ကန်တော်မင် ပန်းခြံဟု ခေါ်တွင်ရာ ယနေ့တိုင်ဖြစ်ကြောင်း၊ ဦးဥတ္တမပန်းခြံဟု အထောက်အထား မတွေ့ရ၍ အမည်ပြောင်းရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့သည်။
ရာဇဂြိုဟ်ကျောင်း ဆရာတော် ဦးပဏ္ဍိတကလည်း ဇွန်လ ၂၂ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ တွင် မြန်မာ့ လွတ်လပ်ရေး ဦးဆောင် ဆရာတော် ဦးဥတ္တမ၏ မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့် အခမ်းအနားတွင်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်တုကို ပါလီမန်ဒီမိုကရေစီ ခေတ်ကအတိုင်း ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ (ယခင် ဦးဥတ္တမပန်းခြံ) တွင် ပြန် လည် ထားရှိပေးရန် အကြံပြု တောင်းဆိုခဲ့သည်။
No comments:
Post a Comment