address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, August 14, 2013
သိသာထင်ရှားသည့်လုပ်ငန်းများ အစိုးရမဆောင်ရွက်သေးကြောင်း ကေအဲန်ယူပြောဆို
14.8.2013
လက်ရှိအစိုးရအနေဖြင့် လူမျိုးစုပြဿနာ ဖြေရှင်းရန်နှင့် ဒီမိုကရေစီနိုင်ငံ အပြည့်အ၀ထူထောင်ရန် သိ သာထင်ရှားသည့် လုပ် ငန်းများမရှိသေးကြေင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်
ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏
၆၃နှစ်မြောက် ကရင် အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် ၎င်း၏ သ၀ဏ်လွှာတွင် ပြောဆိုလိုက်သည်။
ထိုသို့ ဖြစ်နေသည့်အပေါ် ကရင်တစ်မျိုးသားလုံးစုစည်းညီညာစ
ွာ မိမိအမျိုးသားများ၏ လိုအင်ဆန္ဒများ ကို ဖော်ထုတ်ကာကရင်အာဇာနည်တို့၏ မျှော်လင့်ချက်ဖြည့်ဆည်းရန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဥက္ကဌ သ၀ဏ်လွှာတွင် တိုက်တွန်း ပြောကြားထားသည်။
ကေအဲန်ယူ ဥက္ကဌ သ၀ဏ်လွှာတွင် ပါရှိသည့် လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ
်သက်၍ ကေအဲန်ယူ ၏ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက “အခုက အစိုးရနဲ့ ပဏာမအပစ် အ ခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ ပထမခြေလှမ်းပဲ စသေးတယ်။ နောက်ထပ် ခိုင်မာတဲ့ အပစ်ရပ်ရေးပြီး ယုံကြည်မှု တည်ဆောက်ရေးစတဲ့လုပ်ရမှာ။ ဒီတော့ ကရင်အမျိုးသားများ အားလုံး စုစည်းညီညွှတ်ဖို့ လိုတယ်”ဟု ပြောသည်။
ပထမခြေလှမ်းသာရှိသေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းအတွက် ဆက်လက် တိုက်ပွဲဝင်ပြီး ပြောင်းလဲလာ သည့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေအရ နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်တွင်းပြည်ပ ကရင် အမျိုးသားများအားလုံး စုစည်းလုပ်ဆောင်သွားကြ ကာ ဆက်လက် လုပ်ဆောင်ကြရမည်ဟု ၆၃နှ စ်မြောက် ကရင့်အာဇာနည်နေ့ အမှာစကားအနေဖြင့် ပြောကြားလိုကြောင်း ဗိုလ် ချုပ်ကြီးစောဂျော်နီ က ဆိုသည်။
ထို့အပြင် ကေအဲန်ယူသည် ကရင်အမျိုးသားတို့၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မြန်မာ အစိုး ရနှင့် တွေ့ဆုံဆွေးနွေး ဖြေ ရှင်းခဲ့ပြီး ပဏာမအပစ်အခတ်ရပ်ဆိုင်းရေးသဘောတူညီမှုကိုရယူရာ၌ နိုင် ငံရေးအရ ရုန်းကန်လှုပ်ရှားမှု ဆောင်ရွက်သည့်အခါ အသိပညာနှင့် သတိရှိရန်လိုကြောင်းလည်း ဥက္ကဌ ၏ သ၀ဏ်လွှာထဲတွင် ပြောဆိုထားသည်။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကျဆုံးသည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ ထိုနေ့အတွက် အဆက်ဆက်သော ကေအဲန်ယူ ဥက္ကဌများက မိန့်ခွန်းများ၊ သ၀ဏ်လွှာများ နှစ်စဉ် ပေးပို့လေ့ရှိ သည်။
KIC (Karen Information Center)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment