address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, August 14, 2013
ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်
14.8.2013
ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်းများအားလုံးကို
သြ ဂုတ် ၁၃ ရက်က စတင်ပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရ သည်။
ဇူလိုင်လကုန်ပိုင်းကစပြီး မြန်မာနိုင်ငံဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည် နယ် အပါအ၀င် ဒေသအချို့တွင် ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ကျောင်းပေါင်း ၃၉၂ ကျောင်း ပိတ်ခဲ့ရပြီး ရေကျသည့်ဒေသများတွင် ကျောင်းများ အ ဆင့် လိုက် ပြန်လည်ဖွင့်ပေးခဲ့ကာသြဂုတ်၁၃ရက်တွင် ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်
း သိ ရသည်။
ကရင်ပြည်နယ် ပညာရေးမှူးရုံးမှ ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက “ပျက်စီးသွားတဲ့ ကျောင်းတွေကို သက်ဆိုင် ရာကို တင်ပြထားတယ်။ ပြင်ဆင်နေတာတွေလည်း ပြန်လုပ်နေပါတယ်။ ဆိုးဆိုးရွားရွား သိပ်မရှိပါဘူး။ က လေးတွေလည်းစာပြန်လည်သင်ကြားနိုင်ပြီ ဖြစ်တယ်။ ရေကြီးလို့သွားလာလို့ခက်ခဲလို့ ကျောင်းတွေ ပိတ်ခဲ့တာဖြစ်တယ်။ အခုတော့ ရေပြန်ကျ သွားပြီ” ဟု ပြောသည်။
ကရင်ပြည်နယ်တွင် ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့် ကျောင်းပေါင်း ၃၉၂ ကျောင်းတွင် ဘားအံမြို့နယ် မှ ကျောင်းပေါင်း ၁၀၁ ကျောင်း ပါဝင်ခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သ
က်ပြီး ဘားအံမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေး မှူး ဦးဌေးလွင်က “ဒီနေ့ (သြဂုတ် ၁၃)ကစပြီး ကျောင်းအားလုံးပြန်ဖွင့်တယ်။ မနေ့ကလောက်အ ထိ ကျောင်း ခြောက်ကျောင်း ပိတ်ထားသေးတယ်။ ပျက်စီးမှုတွေကို ဌာနကို တင်ပြထားတယ်။
ကျောင်းပိတ်ထားတဲ့အတွက် ပိတ်ထားတဲ့ကာလမှာ မသင်ခဲ့ရတဲ့ သင်ခန်းစာတွေကို အခုကျောင်းပြန် ဖွင့်တော့ တစ်နေ့ကို နှစ်နာရီ အချိန်တိုးပြီး စာပြန်သင်ပေးပါတယ်”ဟု ပြောသည်။
ကရင်ပြည်နယ်တွင် ရေကြီးမှုကြောင့် ရေနစ်မြုပ်မှုဖြစ်ခဲ့သော ကျောင်းများနှင့်သွားလာရခက်ခဲသော ကျောင်း များကို ဇူလိုင် ၂၈ ရက်က စတင် ကျောင်းပိတ်ခဲ့ခြင်း ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment