address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, August 5, 2013
ကျောင်းသားတပ်မတော်နှင့် အစိုးရ အချက် ၄ ချက် လက်မှတ်ထိုး
Photo: Nyo Ohn Myint
5-8-2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်တောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို
့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် ၄ ချက် ကို သဘောတူညီလက်မှတ်ထိုးလိုက်ပါတယ်။
ဒီနေ့ ရန်ကုန် မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံပြီးအခုလိုသဘောတူလက်မှတ်ထိုးလိုက်တာ ပါ။
သဘောတူလက်မှတ်ထိုးတဲ့ အချက် ၄ ချက်ကတော့ အစိုးရငြိမ်းချမ်းရေးကိုယ်စာလှယ
်အဖွဲ့နဲ့ အေ ဘီအက်စ်ဒီအက်ဖ်တို့၅ကြိမ်တိုင်တိုင်အလွတ်သဘောညှိနှိုင်း ပြင်ဆင်ခဲ့ကြောင်း၊ဒီနေ့ကစပြီး နှစ် ဖက်စလုံးတိုက်ခိုက်မှုတွေရပ်ဆိုင်းလိုက်ကြောင်း၊ နှစ်ဖက်ပဋိပက္ခတွေနဲ့တိုက်ပွဲတွေမဖြစ်ဖို့ နှစ်ဖက် ထိန်းသိမ်းစောင့်ရှောက်ဖို့အပါအ
ဝင်လက်နက်မပါဘဲသွားလာဖို့အစိုးရဘက်ကသဘောတူ ကြောင်း နဲ့ ဆက်ဆံရေးရုံးတွေကို မြ၀တီမြို့မှာ ဖွင့်လှစ်ဖို့နဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို
လာမယ့် သြဂုတ် ၁၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုလည်း ရန်ကုန် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်မယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းအပါအ၀င် အဖွဲ့ဝင် ၂၄ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းန
ဲ့ အဖွဲ့တို့ တက်ရောက်ဆွေးနွေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
DVB TV News
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment