address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 5, 2013

ပန်းတနော်တွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်



5-8-2013

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲကိုကရင်အမျိုးသားတိုင်းပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ပန်းတနော်မြို့ အောင်သပြေဘိုးဘွားရိပ်သာတွင် ကျင်းပမည်ဟု သိရသည်။

ပန်းတနော်မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတွဲဖက်အတွင်းရေးမှုးမန်းဝင်းမောင်က“ဒီလက်ချည် ဖွဲ့ မင်္ဂလာပွဲ ဟာ ဧရာဝတီတိုင်းထဲမှာတော့ လုပ်တဲ့ ထုံးဓလေ့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကရင် ယဉ်ကျေးမှုကို ပြန်ဖ်ာချင်လို့ မဖြစ်ဖြစ်အောင် ကျနော်တို့ လုပ်ဆောင်သွားမယ်“ ဟု ကေအိုင်စီ သို့ ပြောကြားသည်။

ထိုပွဲကို ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေနှင့် အစိုးရအဖွဲ့ဝင်များ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား တိုင်းရင်း သူများအားလုံးပါဝင်တက်ရောက် နိုင်ရန်ဖိတ်ခေါ်ထားကြောင်းလည်းမန်းဝင်းမောင်ကဆက်ပြော သည်။

ဧရာဝတီတိုင်းတွင် ချည်ဖြူဖွဲ့ မင်္ဂလာပွဲ အလေ့အထအား သိသည့်သူ နည်းနေသေးသည့်အတွက် တက်ရောက် သူများအားလုံးသိနားလည်စေရန်အတွက်လက်ချည်ပွဲအခမ်းအနားမတိုင်မီချည်ဖြူဖွဲ့ အကြောင်းကို ကြိုတင် ရှင်းပြပေးမည်ဖြစ်သည်ဟုလည်း ပန်းတနော်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ဆိုသည်။

ကရင်လူမျိုးတို့၏ နှစ်စဉ်ဝါခေါင်လတွင် ကျင်းပလေ့ရှိသော စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ကွဲကွာနေသောမိသားစုများပြန်လည်တွေ့ဆုံခွင့်ရခြင်း၊တစ်ရွာနှင့်တစ်ရွာသားများရင်းရင်းနှီးနှီး   တွေ့ဆုံပြီး လုပ်ငန်းများနှီးနှော နိုင်ခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းခွင့်ရခြင်း၊ လူငယ်များချစ် ကြည်သွေးစည်းမှု ရရှိနိုင်ခြင်း စသော ရည်ရွယ် ချက်များဖြင့်ယနေ့တိုင် ပြုလုပ်လာခဲ့ကြခြင်းဖြစ် သည်။

KIC (Karen Information Center)

No comments:

Post a Comment