address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Monday, August 5, 2013
"မူလ ဝက်မှေးကျေးရွာတွင် ပြုလုပ်သော (၂၆) ရွာ ကိုယ်စားပြု အစည်းအဝေးကြီး၏ သဘောထားကြေငြာချက်"
5.8.2013
၁။ လယ်ယာမြေများကို မဖျောက်ဘဲ ပြုပြင် ထိန်းသိမ်းဖို့တောင်းဆိုသည်။
၂။ စာချုပ် ပြင်ဆင်ချုပ်ဆိုမှုကြောင့် နိုင်ငံတော်အတွက်အသားတင်51%ရရှိမှုကိုဝမ်းမြောက်ဝမ်း သာ ကြိုဆိုသည်။
၃။ ဖော်ဆောင်ရေးကော်မတီကို လက်ပံတောင်းတောင် ဒေသခံ ၂၆ ရွာကို စည်းရုံးရေး ဆင်းရန် ဖိတ်ခေါ်သည်။
၎။ ကံကုန်း၊ ကျေးလက်ဆေးပေးခန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ ပန်းနှက်သာ ရိုက်ပြီး ယခုအချိန်ထိ အဆောက်အဦးမဆောက်လုပ်ရသေးကြောင်း
တွေ့ရသည်။ ချွေးသိပ်သည့် အနေဖြင့်လုပ်ပြတာမျိုးမဖြစ်အောင်စိတ်ကောင်း စေတနာကောင်းထား၍ ဆောင်ရွက်ရန် တောင်း ဆိုသည်။
၅။စွန့်ပစ်မြေများကြောင့် ဒေသနှင့်ဒေသခံများမထိခိုက်အောင်အမြန်ဆောင်ရွက်သင့်ကြောင်း တောင်း ဆိုသည်။
၆။ မြေရာလျော်ကြေး ကာလတန်ဖိုး သတ်မှတ်ရာတွင် ဖော်ဆောင်ရေးကော်မတီမှသော်လည်း ကုမ္မဏီမှသော်လည်းကောင်း သတ်မှတ်ခြင်းမဟုတ်ဘဲ ဒေသခံတောင်သူ လယ်သမားများ၏ ဆန္ဒနှင့် တွေ့ဆုံပြီးမှစာချုပ်ချုပ်သတ်မှတ်ပေးရန်။(ကာလပေါက်ဈေးထက်သုံးဆ ပေးရန်)။ တောင်းဆိုသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ အမှန်တ ကယ်ဖော်ဆောင်ရေးလုပ်ငန်းမ
ျား ဆက်လက်လုပ်ဆောင်နိုင်အောင် တာဝန်ယူသင့်သည်ဟု ယုံကြည်သည်။
၈။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကော်မရှင်၏အစ
ီရင်ခံစာပါ ဒေသနှင့်ဒေသခံများနစ်နာဆုံး ရှုံးမှုများမရှိရအောင်လိုအပ်ချက်များအခက်အခဲများ ဖြည့်ဆည်းပေးခြင်း ပြေလည်အောင်ဆောင် ရွက်ပေးခြင်းမရှိပါက နောက်ဆက်တွဲရလာဒ်များသည်အကောင်အထည်ဖော်ဆောင်ရေးကော်မတီ ၏
တာဝန်သာဖြစ်ကြောင်း သတိပေးအပ်သည်။
3.8.2013 နေ့ မူလဝက်မှေးကျေးရွာတွင် ပြုလုပ်သော ၂၆ ရွာ ကိုယ်စားပြု အစည်းအဝေးကြီး။
Wira Thu
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment