address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, August 6, 2013

ကရင် ရေဘေး ရန်ကုန် အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက် ကူညီမည်


6.8.2013

ကရင်ပြည်နယ်တွင် ရေဘေးဒုက္ခ ကြုံတွေ့နေရသော ကျေးရွာများကို ရန်ကုန် အခြေစိုက် ပရဟိတ လူငယ် များ ကွန်ရက်က သွားရောက် ကူညီမည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက် အဖွဲ့ဝင် ကိုသန့်ဇင်စိုး က ပြောကြား သည်။


ကရင်ပြည်နယ်တွင် ဇူလိုင်လ ၂၈ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးခဲ့ရာ ဒေသ ခံများ ရေဘေးဒုက္ခ ခံစားနေရသဖြင့် သွားရောက် လှူဒါန်းရန် အလှူငွေများ ကောက်ခံနေပြီး အလှူငွေများ ရရှိပါက သြဂုတ်လ ၉ ရက်နေ့တွင် သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက် အဖွဲ့ဝင် ပုံပြော သူများ အဖွဲ့မှ မချမ်းငြိမ်းဖြူက ပြောကြား သည်။

“ဘယ်နေရာ လှူမလဲလို့တော့ မရွေးရသေးဘူး။ အဖွဲ့က သုံးယောက် အရင် သွားကြည့်နေတယ်။ အခုက ဝမ်းရောဂါတွေ ဖြစ်တယ်လို့ ကြားတယ်။ သောက်ရေလည်း အခက်အခဲ ရှိတယ်။ အလှူငွေ ရရင်တော့ ငွေပဲ သယ်သွားမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ အခြေအနေတွင် ဘားအံမြို့နယ် အနီးတစ်ဝိုက် ကျေးရွာများ တွင် ရေအနည်းငယ်သာ ကျပြီး ဆိုင် ကယ်၊ ကားများ အသုံးပြု၍ မရသေးဘဲ လှေ၊ စက်လှေတို့ဖြင့်သာ သွားလာနေရကြောင်း၊ လာရောက် လှူ ဒါန်း သည့် အလှူရှင်များလည်း နည်းပါးနေသေးကြောင်း သာမည တောင်ခြေတွင် နေထိုင်သူ ဒေသခံ အ မျိုး သမီး ဒေါ်နန်းမြတ်ဖြိုးသင်းက ပြောကြားသည်။

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်တွင် ရေဘေး ဒုက္ခသည်ပေါင်း ၂၄,၀၀၀   ကျော်အထိ ရှိပြီး ကယ်ဆယ်ရေး စခန်း ၇၉ ခု ဖွင့်ထားရကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရ သည်။

လှူဒါန်းလိုသူများ အနေနှင့် ကိုသန့်ဇင်စိုး ဖုန်း ၀၉-၄၂၅၀၁၈၄၇၆၊ မကက်သရင်း ၀၉-၂၄၅၀၇၇၁၊ ကိုဉာဏ်လင်းဖြိုး ၀၉-၄၃၀၆၇၂၃၈၊ နယ် အလှူရှင်များ အနေနှင့် ကိုသန့်ကျော်ဦး ၀၉-၄၂၁၁၅၀၈၂၉၊ ဘဏ်စာရင်းနံပါတ် ၀၁ ၃၂၀၅၄၆၄၁၊ ပြည်ပ အလှူရှင်များ အနေနှင့် ကိုမင်းထွဋ်မောင် + ၆၅ ၈၂၉၉၂၂၀၆၊ ဘဏ်စာရင်း နံပါတ် POSB Savings 248-68366-0 တို့သို့ ဆက်သွယ် လှူဒါန်း နိုင်ပါသည်။

The Voice Weekly

No comments:

Post a Comment