address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 5, 2013

တယ်လီနောသို့ အီးမေးလ်မှ အလုပ် စလျှောက်နိုင်


5.8.2013

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတင်ဒါ အောင်မြင်ထားပြီးလိုင်စင်ရရှိရန် စောင့်ဆိုင်းနေ   သော ပြည် တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်းခန့်အပ်မည်ဟု ပြောကြားထားသည့်တယ်လီနော မြန် မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနို င် ပြီ ဖြစ်ကြောင်းတယ်လီနော မြန်မာထံမှစုံစမ်းသိရှိရသည်။အလုပ် လျှောက်ထားရန်စိတ်ပါဝင်စား မှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရ သည်။“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းကတစ်နေ့ကို လေး၊ငါး၊ဆယ်ယောက်လောက် နေ့ တိုင်း ဖုန်းဆက်စုံစမ်းကြတယ်။လက်ရှိမှာတော့ ခေါ်ဖို့စပြင်ဆင်နေပါပြီ။လာမယ့်တစ်ပတ် နှစ်ပတ် အတွင်းမှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာတာဝန်ခံ ဒေါ်မွန်မြတ်သူက ပြောကြား  သည်။တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ်ခန့်အပ်ခြင်းခံထားရသော  Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။ခန့်အပ်ခံရသော ဝန်ထမ်းများ အရည် အသွေး မြှင့်တင်ရန် လေ့ကျင့်သင်ကြားပေးမှုများကိုတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပြု လုပ်ပေးမည်ဟု၎င်းက ဆိုသည်။ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ထားသည်။“တယ်လီနောပိုင်တဲ့ထိုင်းကdtacအကြောင်း လေ့လာကြည့်တယ်။ တော်တော်လေး  ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လအကြာ တွင်မိုဘိုင်းလ်ဝန်ဆောင်မှုများစတင်မည် ဖြစ်ပြီးဆင်းကတ်အရောင်းဆိုင်ပေါင်းခုနစ်သောင်းကျော်နှင့်  ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment