address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 5, 2013

ကရင်အမျိုးသားအာဇာနည်နေ့ကို ကြိုဆို အလေးပြုခြင်း

5.8.2013

ကရင်အမျိုးသားများရဲ့ အသက်အိုးအိမ် မြေယာများ ကာကွယ်သည့်အနေဖြင့် ဇန်န၀ါရီလ(၃၁) ရက်နေ့ကစပြီး ကရင်ဗမာ တော်လှန်ရေးစတင်ခဲ့သည်။မပြီးဆုံးသေးသည့်ကရင်တော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ကရင်တမျိုးသားလုံး စည်းလုံးညွတ်စွာ ဆက်လက် တိုက်ပွဲဝင် သွားကြပါရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအင်န်အယ်လ်အေ) တပ်မဟာ မှ တပ်မဟာမှူးများက တိုက်တွန်း လိုက်ပါသည်။

‘ယ္ခု KNU နှင့် စစ်ရုပ်ပြောင်းအစိုးရ ယာယီ အပစ်အခပ်ရပ်စဲရေး ပြုလုပ်သော်လည်း ကျနော်တို့  ဖက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအင်န်အယ်လ်အေ)ဗိုလ်မှူးကြီး စောနယ်ဒါးမြကယမန်နေ့ကကျင်းပသည့်(၆၆) နှစ်မြောက်   ပြီးခဲ့သည့် (ကေအိုင်ဒီအို)နေ့အခမ်းအနားတွင်ကရင်အမျိုးသားထုတရပ်လုံးကိုတိုက်တွန်းပြော  ကြား လိုက်ပါသည်။

၎င်းက “ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ကျဆုံးသွားတဲ့ အာဇာနည်များနဲ့ မျိုးချစ်စစ်သည်အပေါင်းတို့ရဲ့ မပြီးဆုံးသေးတဲ့ ကရင်တော်လှန်ရေးကို ဆက်လက်တိုက်ပွဲ ၀င် သွားကြရမှာဖြစ်တယ်” ဟု နှစ်စဉ်ကျင်းပတဲ့ကရင်အာဇာနည်နေ့အခမ်းအနားတွင် ကရင်အမျိုး သားခေါင်းဆောင်များက မိန့်ခွန်းပြောကြားခဲ့သည်။

ကရင်အမျိုးသားများ လိုလားတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သည့် ကရင်အမျိုး သားခေါင်းဆောင် စောဘဦးကြီးသည် ၁၉၅၀ ခု သြဂုတ် (၁၂) ရက် နံနက်ပိုင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထို့ ကော်ကိုးကျေးရွာတွင် ဗမာစစ်တပ်နှင့်
တိုက်ပွဲဖြစ်ပြီး ကျဆုံးသွားခဲ့သည်။

စောဘဦးကြီးကျဆုံးသော ထိုနေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကေအင်ယူက သတ်မှတ်ခဲ့ သည်။

ဖါးစည်သံ

No comments:

Post a Comment