address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, August 5, 2013

ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ မွန်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ

5.8.2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းစဉ်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ လူမှုအရင်းအမြစ်များ၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ ပိုမိုအားကောင်း လာစေရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ Strand Hotel တွင် သြဂုတ်လ (၄)ရက်နေ့ က မြန် မာ့ ဒီမိုကရက်တိုင်ဇေးရှင်းကာလ အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏အခန်းကဏ္ဍနှင့်ပတ်သက်သော အ လုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်း များ လူမှုကွန်ယက်များ နှင့် ချိတ်ဆက်ရန် ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီလိုဆွေးနွေးပွဲတွေ လုပ်တာကောင်းပါတယ်။ မွန်ပြည်နယ်မှာ ရှိတဲ့အရပ်ဖက်လူမှုအဖွဲ့အ စည်းတွေကို ကွန်ရက်ကြီး တစ်ခုပုံစံမျိုးချိတ်ဆက်ဖို့လည်း ရည်ရွယ်ထားပြီး အလုပ်မှုဆောင်အဖွဲ့ လည်း ဖွဲ့မယ်လို့သိရတယ်။ အဖွဲ့တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားတော့ ပိုပြီးထိရောက်မယ်လို့ထင် ပါတယ်”ဟု National Enlightenment Institute မှ ဥက္ကဋ္ဌ ကိုကျော်စံဝင်းက ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးအကျိုးဆောင်များဖြစ်ကြသော ဦးလှမောင်ရွှေ ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်တို့က ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့်ကိစ္စရပ်များ၊အရပ်ဖက်လူ့အဖွဲ့အစည်းများ၏လုပ်ဆောင်ချက်များပိုမိုအားကောင်းလာစေရေး အတွက် မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်

“တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေဟာပိုပြီးသြဇာရှိသင့်ပါတယ်။လက်နက်ကိုင်အစိုးရပဲဖြစ်ဖြစ်၊  လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ပြည်သူမထောက်ခံဘူးဆိုရင် ဒီမိုကရေစီစနစ်ဟာ ဘာမှ လုပ်လို့မရ ပါဘူး။ ဒါကြောင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အရပ်ဘက်လူအဖွဲ့အစည်းတွေ ဟာ ငြိမ်းချမ်းရေးမှာ အရမ်း အရေးကြီး ပါတယ်။”ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှ Associate Director ဦးညိုအုန်းမြင့်က ပြောသည်။

အနာဂတ် မြန်မာနိုင်ငံတွင် အရပ်ဘက်လူအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်ပြည်သူများ၏အသံ များသည်အလွန်အရေးကြီးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်များပိုမိုအားကောင်း လာမည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှာ မနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် ငြိမ်း ချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

BY မှူးအိမ်ဇော်- မွန်ပြည်နယ်(မြစ်မခ)

No comments:

Post a Comment