9-8-2013
ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့ပွဲများအနက် ၀ါခေါင်လ
ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တော်သည် အလွန်မွန် မြတ်သော
ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည်ဘာသာရေး ပွဲတော် တစ်ခုမ ဟုတ်ပါ၊
ရှေးဘိုးဘေဘီ ဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ၀ါခေါင်လသည်မကောင်းဆိုးဝါးများ၏ မြူးထူးပျော် ပါးသည့် လရာသီဖြစ်သ ည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ်(လိပ်ပြာ)များ ထံခိုဝင်ပူးကပ်မှု
ပြုတတ်သည့်အေ ပ်ါလူသားများ၏ ၀ိဉာဉ်(လိပ်ပြာ) နှင့်ပူးကပ်ကျွှမ်း ၀င်မည်ကို
အလွန်စိုးရွံ သဖြင့် မိဘဖိုးဘွားများမှာ ၎င်းတို့ သားသမီးမြေး မြစ်များ၏
ဝိဉာဉ်(လိပ်ပြာ)ကိုခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့် တုတ်ချည်၊
ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။
ကရင်လူမျိုးများသည် မြန်မာပြည်ဟု ယခုခေါ်ဆိုသော ဒေသသို့ မရောက်ရှိလာမှီအချိန်ကာလကတည်း
ကပင် မွန်ဂိုးရီးယားနိုင်ငံရှိ ကုန်းပြင်မြင့်မှနေ၍ ကရင်ရိုးရာ ချည်ဖြူဖွဲ
့မင်္ဂလာပွဲတော်ကို နှစ်စဉ်ဆင်နွဲ လာ ခဲ့ကြပါ သည်။ဟိုးရှေး ခေတ်
ဘိုးဘေးဘီဘင်များသည် ယခုခေတ် ကျွှန်တို့ ခေတ်ကာလ လူသား များနှင့်
အလွန်ကွဲပြား ခြားနားစွာဖြင့် အသက်ရှည်ကြာကြပါသည်။
ခေတ်မှီဆေးဝါးများကို ရယူသုံးစွဲပြီး အသက်ရှည်ကြာကြခြင်း မဟုတ်ချေ။ ထို့ သို့ အသက် ရှည်ကြာကြ သည့် အတွက်(“ဖေါဟ်လ်ုဆီ့-လီလ်ုယာ”သားသမီးတကျိတ်၊ မြေး တစ်ရာ)ဟူ၍ ဘိုးဘွားများ ပြောစမှတ် ရှိသည်ကို တွေ့ ရှိမှတ်သားမိပါသည်။
အဆိုပါအဆက်ဆက် အများ အပြားသော သားသမီးများသည် နိယာမအရ အချိန်တန် အရွယ်ရောက် အိမ်ထောင် သားမွေးမှုပြုကြပြီး
ရေကြ သည်ရာ၊ မျက်နုရာ မိမိတို့ ကျွမ်းကျင်ခုံမင်သည့် လုပ်ငန်းအစုစုဖြင့်
အရပ်ဒေသအသီးသီးသို့  ထွက်ခွာလုပ်ရှား အသက်မွေးဝမ်းပြုကြသည့်အခါ
မိဘဘိုးဘွားများနှင့် အ လှမ်းဝေး ကွာကြပြီး မွန်ဂိုးရီးယားအနွယ်ဝင်လူမျိုးများ နှင့် ထိုင်တရုတ်အနွယ်ဝင်လူမျိုးများတို့ နှင့် အတူ ရောနှော်နေထိုင်လာကြသည့်အတွက် မိဘ ဘိုးဘွားများက မိမိ၏သားသမီး မြေးမြစ်များ ကွဲပြားပျောက် ကွယ်သွားမည်ကို
စိုးရိမ်ပူပန်ကြ၍ ၀ါခေါင်လပြည့် ရောက်သည့်အခါ တနယ် တကျေး သို့ 
နေ ထိုင်ကြသည့် သားသမီးမြေးမြစ်များ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး
အစရှိသည် အားဖြင့် မည်ကဲ့သို့  ဖြစ်ရှိနေသည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ
့မြင်သိရှိနိုင်ရန်နှင့် စီမံဆောင်ရွက် ပေးနိုင် ရန် အတွက် စုစည်းကာ
တချိန်တနေရာတည်း၌ပင် လိုအပ်သလိုစီမံဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
သားသမီး မြေးမြစ်များအတွင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးပြီးစိတ်ဝမ်း
ကွဲပြားမှုမရှိစေရန် တစုတစည်း တည်း ဆုံးမသြ၀ါဒ ပေးနိုင်ရန်လည်း ဖြစ်ပါသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည် သို့  ဆင်းသက်ခွဲခွာ
လာကြသည့်အခါအုပ်စုခွဲ၍ မောဝ်ထါ်(-အမိဘက်)၊ဖါထါ်(အဖဘက်)အုပ်စုနှစ်စု
ဖြစ်ပေါ် ခဲ့ကြသည်။
ထို့သို့ အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို
့သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အ ချင်း ချင်းအသိ အမှတ်ပြု
စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး ဘိုးဘွားများက မိမိတို့ ၏ လက်ကောက်
ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။
ကရင်လူမျိုးများ သည် ကိုဘီသဲကန္တရ (Gobe Desert) အားဖြတ်သန်းရာတွင်မိုးအများဆုံး
ရွာသောလဖြစ် သည့် ၀ါခေါင်လတွင် ဖြတ်သန်းလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော်
သဲကန္တရအား ဖြတ်သန်းရာတွင် မိုးများရွာသည့်အတွက်
အပူဒဏ်ခံနိုင်ခြင်း၊သောက်သုံးရေ များ အလွယ်တကူ ရရှိခြင်းတို့ ကြောင့်ဖြစ်သည်။
ထို့သို့သဲကန္တရ မဖြတ် သန်းမှီ တဦးနှင့်တဦး ပြန်လည်မှတ်မိကြစေ ရန်
ရည်ရွယ်၍ လက်ကောက်ဝက်တွင် အမှတ်အသားအဖြစ် ချည်ဖြူဖွဲ့ 
နှောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။
ထို့အပြင် ၀ါခေါင်လတွင် ကရင်လူမျိုးတို့သည် လယ် ယာလုပ်ငန်းခွင်အတွင်သို့ 
ဝင်ရောက်လုပ်ကိုင်ကြ သည့် အချိန် အခါဖြစ်သည့်အလျှောက် အလွန်ပင်ပန်းသဖြင့်
မကောင်းဆိုးဝါးများ ပူကပ်သည့်အခါ လူ၏ ခန္ဓာကိုယ်၌ရှိသော် ၀ိဉာဉ်
(လိပ်ပြာ)များ လွင့်ပါး မသွားစေဘဲ၊ အစားအသောက်များများ
ပိုမိုစားသုံးနိုင် ရန်ရည်ရွယ်၍ ချည်ဖြူဖွဲ့ ခြင်းပြုလုပ်ကြ သည်ဟုအယူရှိခဲ့ကြသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်သည် စင်စစ်အားဖြင့်
အလွန်ကောင်းမြတ်သည့်အနှစ် သာရနှင့် ရည် ရွယ်ချက်များ ပါရှိပါသည်။
ကရင်လူမျိုးသည် စိတ်ထားဖြူစင်သန့် ရှင်းပြီး ကံတရားအပေါ် အလွန် သက်ဝင်
ယုံကြည်အားကိုးသော လူမျိုးတမျိုး ဖြစ်သည်နှင့်အညီ အစဉ်သဖြင့်
ကံကောင်းအကြောင်း လှစေရန်နှင့် မကောင်းသည့် အကြောင်းတရားများ ကြုံတွေ
့ခံစားရခြင်းမျိုးမရှိစေရန်အတွက် မိဘ ဘိုးဘွားများ မှ မေတ္တာ ပို့သ ဆုတောင်းပထနာ ပြု ပေးခြင်းလည်း ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါလျှင်ကရင်အမျိုးသားထုအတွင်းစည်းလုံးညီညွတ်စွာဖြင့်
နေထိုင်လုပ်ရှားခြင်းကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ပြည့်စုံရန်
အားထုတ်ကြိုး ပမ်းစားခြင်း၊ မိမိ၏အမျိုသားရေးစိတ်ဓါတ် များ
ယဉ်ကျေးမှု အမွေးအနှစ်များ တိုးတက် ရှင်သန်နိုးကြားစေခြင်း များကို ပြန်လည်
လှစ်ဟနိုးဆွပေးသည့် ၀ါခေါင်လ ပြည့် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို
အစဉ်အလာ မပျက် ကျင်းပလုပ်ဆောင်ခြင်း ဖြစ်ပါသည်။
ချည်ဖြူဖွဲ
့ပွဲတော် ကျင်းပခြင်းသည် အဓိပ္ပယ်အနှစ်သာရ ပြည့်ပြည့်၀၀ရှိပါသည်။
ပွဲတော်အတွက် အသုံးပြု သည့် အဆောင်အယောင်ပစ္စ ည်းများကို သေသေချာချာ ဂဃနဏ
လေ့လာကြည့်ပါ က ပေါ်လွင်ထင် ရှားလှပါသည်။
ချည်ဖြူဖွဲ
့ပွဲတော်သို့ တတ်ရော က်ပါဝင် ဆင်နွဲမည် ဆိုပါလျှင်လည်း ကရင်အမျိုးသားများ၏
ဝတ်စုံကို စနစ် တကျ ၀တ်စား ဆင်ယင်ပြီးမှသာ တက်ရောက်ပါဝင်ဆင်နွဲနိုင်သည့် လေးနက်သောစည်းကမ်းချက်များ ထား ရှိပါသည်။ မင်္ဂလာကျက်သရေနှင့် အတိဖြစ် သည်။
လက်ချည်မင်္ဂလာပြုလုပ်သည့် ဘိုးဘွားများသည် လင်မယားစုံ
အဘိုးအဘွားဖြစ်ရပါသည်။ လက်ချည် မင်္ဂ လာပြု လုပ်သည့် ဒေါင်းလန်းနှင့်
အဆောင်အယောင်ပစ္စည်းများကိုလည်း
မိစုံဖစုံ၊ ကာလသား၊ ကာ လ သမီး မှသာ ကိုင်တွယ်ချီ မခွင့်ရှိပါသည်။ မင်္ဂလာအမှုကို
ပြုသဖြင့် မင်္ဂလာရှိသူ (ပြည့်စုံသူ)များသာ ကိုင် တွယ်ချီမရမည် ဟူသည့် အယူအဆ
ယုံ ကြည်ချက်ဖြစ်ပါသည်။
လုပ်ထုံးလုပ်နည်းနှင့် အဆောင်အယောင်ပစ္စည်းများ၏ အနှစ်သာရနှင့်အနက်အဓိပ္ပယ်မှာအောက်ပါအ တိုင်းဖြစ်ပြီး အဆောင်အယောင်ပစ္စည်းမှာ(၇)မျိုးဖြစ်သည်။
လက်ချည်မင်္ဂလာမပြုမှီ တစ်ရက်အလို ၀ါခေါင်လဆန်း ၁၃ ရက်နေ့ တွင်
သားသမီးမြေးမြစ်များအား စုစည်းပြီး စုရပ်၌ ညီညီညာညာရောက်ရှိပါလျှင်
လက်ချည်မှုကို တာဝန်ယူရသည့် အဘွားအိုသည် အိမ်၏လှေ ခါးမအား (ဃှင့်ထုင်.)
ယောက်မနှင့် ညင်သာစွာရိုက်ခတ်ပြီး သားသမီး မြေမြစ်များ၏ ၀ိဉာဉ် (၀ီလာ)အား
ခေါ်ယူသည်၊မနေအပ် သည့် မကောင်းသော အရပ်ဒေသတွင် မနေဘဲနေအိမ်၌
မိဘဘိုးဘွားဆွေမျိုးညီကို မောင်နှမများနှင့် အတူတကွ ပြည် လည်
လာရောက်နေထိုင်ကြပါဟူ၍ ဆုံမသည်။
မိဘဘိုးဘွားများမှ
လမ်းညွန် ပေးထားခဲ့သည့်အမွေးအနှစ် စည်းကမ်းစ နစ်များနှင့်အညီ စုစည်းစွာ
နေထိုင် လုပ်ကိုင် အကောင်းအထည်ဖေါ်သွားရန်ဖြစ်သည်။
လှေခါးမ (ဃှင့်ထုင်)ကဲ့သို့ ဖြောင့် ဖြောင့်မတ်မတ် အတိ အကျ
လိုက်နာလုပ်ဆောင်ကြပါ။ မိမိတို့ ၏စိတ်ဓါတ်များကို ကောင်းမြတ်သည့်နေရာ
သန့်စင် သည့်နေ ရာ ၌သာ ထားပါစသည်ဖြင့် စုစည်းချစ်ကြည်မှု၊
စည်းကမ်းလိုက်နာစောင့်ထိန်းမှု၊ ယဉ်ကျေးမှု အမွေအနှစ်များ အား ထိန်းသိမ်းစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ထက်မြက်မှုများ ဖြစ်သည် ရှိလာရန်အတွက် သားသမီး မြေးမြစ်များဖြစ်သော လူငယ်မောင်မယ်များအား ထိန်းသိမ်းကာကွယ်မှုများနှင့် သတိပေး ဆုံးမ သြ၀ါ ဒပြုခြင်းများ ဖြစ်ပါသည်။
ဝါခေါင်လပြည့်နေ့ နံနက် ချည်ဖြူဖွဲ့ မင်္ဂလာ ပြုချိန်တွင် (ကြယာစုံ)
အဘိုနှင့်အဘွားမှ ဦးဆောင်၍ မင်္ဂလာ အမှုကို ပြုရသည်။ လက်ချည်မင်္ဂလာ ပြုရသည့်
ကြီးငယ်ကျားမ မဟူ အသက်ရှည်ကာ အနာကင်းမဲ့ကြောင်း စီးပွားဥစ္စာ ရတနာများ
တိုးတက်ပွားများစေကြောင်း စသည်အားဖြင့် ဆုတောင်း ပတနာပြုပေးပါသည်။
စုစည်းရောက်ရှိ သည့် သားသမီး မြေးမြစ်များအား စုစုစည်းစည်းပျော်ပျော်ပါးပါးဖြင့် စားသောက်ဖွယ် ရာ များနှင့် ပြုစုကျွေးမွေး ကြပါသည်။
လက်ချည်မင်္ဂလာပြုစဉ် အဆောင်အယောင်ပစ္စည်း(၇)မျိုးအား
အသေအချာ အတိအကျ တွေ့  မြင်နိုင်ရန် အတွက် မင်္ဂလာပြုခံသူ၏
လက်တွင်း၌အထင်အရှား ကိုင်တွယ်စေပါသည်။ တစ်ခုချင်း၏ အနှစ်သာရ အဓိ ပ္ပါယ်ကို
ဖေါ်ပြရှင်း လင်းပြီးဆုတောင်းခြင်းဖြစ်သည်။
ချည်ဖြူဖွဲ့ မင်္ဂလာအဆောင်အယောင်ပစ္စည်း ၇ မျိုးနှင့် ၎င်းတို့ ၏ အဓိပ္ပါယ်မှာ
၁။ ရေကြည်အေးတခွက်၊
၂။ ချည်ဖြူသုံးခင်၊
၃။ ထမင်းဆုပ် ခုနှစ်ဆုပ်၊
၎။ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊
၅။ ငှက်ပျောသီးမည့်ခုနှစ်လုံး၊
၆။ နတ်ပန်းညှိ (ဖ၀်ဝီ) ခုနှစ်ခက်၊
၇။ ကြံခုနှစ်စိပ် စသည်တို့ ဖြစ်သည်။
၁။ ရေကြည်အေး ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ
အေးမြကြည်လင်ပါစေဟူသော ယုံကြည် ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး
သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့် အရာဖြစ်သည်။
ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များ ကို ရေကြည်အေးနှင့် ဆေးကြော သန်
့စင်ပြီး ဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့်ကုန်ခန်းနေသည့်အားအင်များ
ပြန်လည်ပြည့်ဝစေခြင်းဖြစ် သည်။
၂။ ချည်ဖြူခင် အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်၊
သားသမီးမြေးမြစ်များ၏ ကံကြမ္မာ ဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်
ကာကွယ်ပြေပျောက်စေရန်အတွက်ဖြစ်သည်။
မင်္ဂလာခံ သူ၏ လက်ကောက် ၀တ်အား ချည်ဖြူပတ်ချည်ရာတွင် ချည်ဖြူသည် မှုလအစ
သုံးခင်ရှိပြီးလက်အား သုံးပတ်ပတ်လည် သုံးထုံဖြစ် အောင် သုံးကြိမ် ချည်ရသည်
သုံးကြိမ်သုံးခင်တွင် အားလုံးပေါင်းစုပါက (၃ x ၃ = ၉) ဖြစ်လာသည်
အဓိပ္ပါယ်မှာ ကိုးန၀င်းကျေဆု တောင်း ပထနာပြု လိုက်ခြင်းဖြစ်ပြီး
လက်ချည် သည့် ချည်ဖြူခင်အစအား
ဆိပ်ဖြတ် ကာ ရေကြည်အေးတွင် နှစ်၍လက်ကောက်ဝတ်မှအထက်သို့ 
ပေါင်းလျောက် တင်ပြီး ငယ်ထိပ်သို့ တင်ပေးရ သည်။ ဆုတောင်းခြင်း၌လည်း ချည်ဖြူ
ခင်ကဲ့သို့  ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်ကာ အနာမဲ့ပါစေဟူ၍ ဖြစ်သည်။
၃။ ထမင်းဆုပ် ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊
ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်း ထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍
တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ် သိုးခြင်း၊
မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို
့ကျစ်လစ်စုစည်းပါရန် ရည် ရွာယ်ဖေါ်ပြခြင်းဖြစ်ပါသည်။
၎။ ကောက်ညှင်းထုပ်ဖင်ချွန် ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့်
စားဖွယ်ရာ တစ်ခုဖြစ်သည်။ သိုးပုတ်ရန်ချက် ခဲသည်၊ ဖင်ချွန်ထုပ်
စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်
ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ
ကောက် ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအား ထုတ်ရန် ကို ဆိုလိုပါသည်။
၅။ ငှက်ပျောသီး ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန်
ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား
ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ
ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ
ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီး
တန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ် ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ
ဖျာဆင်းပြီး အစွယ် အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက်
ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ
ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း
ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့ 
စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊
သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၆။ နတ်ပန်ညိုပန်း(ဖ၀့်ဝီ) နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း
အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု
အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု
မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့်
ရှင်သန်ကြီးထွားမှုရှိသည် ထူးခြားမှုတစ်ခုမှာလည်း ကလေးသူငယ်များ ခံစားရတတ်သော
အပူဖျား၊ အပြင်းဖျားများ ဖြစ်ပေါ်ခံစားရပါလျှင် ၎င်း၏အရွယ်ကိုပွတ်ချေပြီး
ရရှိသည့်သတ္တုရည်အား နမ်းဆီဖြင့်ရောစပ်ကာ အဖျားခံစားရသည့်အလေးငယ်၏
ဝမ်းဗိုက်၊ ကျောပြင်များ အား သုတ် လိမ်းပေးပါက အဖျားကျပြီး
ချမ်းသာရာရရှိနိုင်ပါသည်။ အထူးသဖြင့် အမြစ်တွယ်ရာ အပင်အဖြစ်
လန်းဆန်းနိုင်ခြင်းဖြစ် ပါသည်။ နတ်ပန်ညိုပန်း(ဖ၀့်ဝီ)ကဲ့သို
့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ
နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို
မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။
၇။ ကြံ ကြံသည် ထူးခြားသည့်ဝိသေသရှိပါသည်။ ကြံအား အပွင့်အသီးမှ
စိုက်ပျိုးမျိုးပွားရခြင်း မဟုတ် ဘဲ၊ ၎င်း၏ပင်စည်မှ
အမြစ်တွယ်အပင်ပေါက်ပွားများလာခြင်းဖြစ်သည်။
ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ
အပင်သစ်ဖြစ်ကာ ကြီးထားပွား များလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ် တိုင်းတွင်
အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။
အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊ မိုး၊
ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ် ချိုမြသည့် အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။
အချုပ်အားဖြင့် သားသမီးလူငယ်မောင်မယ်များ အနေနှင့် မျိုးဆက်ထိန်းသိမ်းကာကွယ်ခြင်း၊ အစွမ်းသတ္တိ တည်တံ့ခိုင်မြဲစေခြင်း၊အမျိုးသားထု တည်တံ့ခိုင်မြဲတိုးတက်ကြီးထွားစေခြင်းနှင့် ကိုယ်ကျင့်တရား
ကောင်းမွန်ချိုမြစေခြင်းများကို သရုပ်ပြ သွန်သင်ဆုံမသြ၀ါဒပြုခြင်းပင်ဖြစ်ပါသည်။
ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာသည် ကရင်အမျိုးသားထုတစ် ရပ်လုံးအတွက် စည်းလုံးညီညွတ်စေမှု၊ ကိုယ်ကျင့်တရားကောင်းမွန်သန့် ရှင်းမှု၊ အစွမ်းသတ္တိနှင့် ပြည့်ဝစေမှု၊ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်စေရန်အ
တွက် ပြန်လည် နိုးဆော်တပ်လှန့် ပေးသည့်ပွဲတော် တစ်ရပ်ဖြစ်ကာ
မိသားစုအလိုက်လည်း လုပ်ဆောင်လေ့ရှိ သည့် စည်းလုံးချစ်ကြည်ရေး
ပွဲတော်တစ်ရပ် သာ ဖြစ်ပါသည်။
ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့် မည်သို့မျှ ယှက်စပ်ဆင်နွယ်ခြင်းမရှိပါ။
ဝါခေါင်လပြည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် တောင်ပေါ်၊ မြေပြန့် 
ကရင်တစ်မျိုး သားလုံး၏ မင်္ဂလာ ရှိသော နေ့ ကြီးတနေ့ ဖြစ်ပါသည်။ ဤနေ့သည်
ကရင်မိဘဘိုးဘွားတို့ ၏ တစ်ခုတည်း သော ရိုးရာအမွေးအနှစ် ကြီးဖြစ်ပြီး
ကရင်အမျိုးသားအားလုံး၏ စည်းလုံညီညွတ်ရေးကို တည်ဆောက်ပေး ခဲ့ သော နေ
့ကြီးတနေ့ လည်းဖြစ်ပါ သည်။
ကရင်လူမျိုးများသည်
ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်းကျော်လွှား၍ အမြတ်တနိုးဖြင့်
ထိန်းသိမ်းဆက်ခံလာခဲ့ သည့်နည်းတူ ယနေ့ ကာလတွင်လည်း သမိုင်းပေးတာဝန်တ
ရပ်အနေဖြင့် ဆက်လက်ထိန်းသိမ်းကြရမည်မှာ ကရင်အမျိုးသားတိုင်း၏
ရှောင်လွဲမရသောတာဝန်ကြီး တရပ် ဖြစ်သည်။
ဖါးစည်သံ
No comments:
Post a Comment