7.10.2013
ကရင်တိုင်းရင်းသားစည်းလုံးညီညွတ
်ရေးနှင့်ငြိမ်းချမ်းရေးကြိုဆို
ထောက်ခံပွဲအခမ်းအနားကိုအောက်တို
ဘာ၅ရက် နံနက်၉နာရီကထားဝယ်မြို့၊ြ
မို့တော်ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင်သဘာပတိတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီ ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ၊တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကအမှာ စကားပြောကြား သည်။
ထို့နောက် KUPS နာယကကြီး ပဒိုစောထွန်းအောင်မြင့် ၊ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်- ထားဝယ် ခရိုင် ဆက်ဆံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစောဆာပီးတူတို့ကအမှာစကားအသီးသီးပြောကြားကြသည်။ကရင်တိုင်း သား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲ အတွက်အဆိုကို ထားဝယ်ဒေသကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆရာစောမေးလယ်ကျော် ကအဆိုပြုတင်ပြပြီး ဖာသာစောမျိုးချစ်နှင့်ဆရာစောအောင်ဝင်း တို့က ထောက်ခံတင်ပြခဲ့ကြသည်။ထို့နောက်သဘာပတိက လူထုဆန္ဒသဘောထားကိုရယူ အတည်ပြုခဲ့ပြီး မွန်း လွဲပိုင်းတွင်ဆွေးနွေးပွဲများကိုဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal
No comments:
Post a Comment