address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 10, 2014

ဂျာမနီသမ္မတတစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် စတင်




10.2.2014

ဂျာမနီ ပြည်ထောင်စုသမ္မတနိုင်ငံ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်ခြင်းအဖြစ် မှတ်တမ်းဝင်မည့် သမ္မတ Joachim Gauck (ယိုအာခင်ဂေါက်ခ်) ၏ သုံးရက်တာခရီးစဉ်ကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၃ နာရီ၌ ရန်ကုန်လေဆိပ်သို့ ရောက်ရှိခြင်းဖြင့် စတင်လိုက်သည်။

ဂျာမနီသမ္မတသည် ပထမဆုံး သွားရောက်လည်ပတ်မှုအဖြစ် ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရွှေတိဂုံစေတီ တော်သို့ ဖူးမြော်ခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာမည် ဖြစ်သည်။

ဂျာမနီသမ္မတကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတအိမ်တော် ဥပစာမြက်ခမ်းပြင် တွင် နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြမည်ဖြစ် သည်။ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးရန် သံတမန်ဆောင်ဧည့်ခန်းမ၌ စီစဉ်ထားပြီး သမ်္မတဦးသိန်းစိန် က နေ့လယ်စာဖြင့် တည့်ခင်း ဧည့်ခံမည်ဖြစ်သည်။

ဂျာမနီသမ္မတသည် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နေပြည် တော်ရှိ လွှတ်တော်ဝင်းအတွင်း တွေ့ဆုံရန်စီစဉ်ထားသည်။ ညနေ ၃နာရီ ၄၅ မိနစ်တွင်မူ ဂျာမနီသမ္မတ ယိုအာခင်ဂေါက်ခ်သည် နေပြည်တော်ရှိ ၎င်းတည်းခိုရာ ရွှေနန်းတော်ဟိုတယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု NLD ဘက်မှ မဇ္ဈိမကို အတည်ပြု သည်။

ထို့နောက် ၎င်းတို့နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းမည်ဖြစ်ကာ ဂျာမနီသမ္မတ၏ နေပြည်တော်ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“တက္ကသိုလ်ရိပ်သာလမ်းက မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးနေအိမ်မှာတွေ့ဖို့ ဖိတ်ထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက အ တည်ပြုပြောဆိုသည်။

ဂျာမနီသမ္မတ၏ ရန်ကုန်မြို့ခရီးစဉ်အတွင်း ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ပိတ်သိမ်းထား သည့် ဂျာမန်ယဉ်ကျေးမှုဌာန(Goethe Institute) ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်မည်ဟု ဂျာမန်ယဉ်ကျေးမှု (မြန်မာ)၏ ဒါရိုက်တာ Franz Xaver Augustin က ဖေဖော်ဝါရီ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသော်လည်း ခရီးစဉ်အသေးစိတ်တွင်မူ ဖော်ပြထားခြင်း မရှိ ပေ။

ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ယင်းနောက် မြန်မာ-ဂျာမနီ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၌ ကျင်းပရန်စီစဉ်ထားပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ် မည်။

သမ္မတ၏ခရီးစဉ်မတိုင်မီ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးGuido Westerwelles သည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်အတွင်းက လာရောက်ခဲ့ဖူးသည်။

Mizzima

No comments:

Post a Comment