address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, February 1, 2014

ကျန်းမာရေး ဝန်ဆောင်မှု အလိုအပ်ဆုံး ဒေသများအတွက် ဆွီဒင်ကူညီမည်


1.2.2014

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် တိုးတက်လာစေရန်အတွက် ဆွီဒင်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံ ရှစ်နိုင်ငံက ပူးတွဲ ထောက်ပံ့ထားသော ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (3MDG) ကို ဆွီဒင်အစိုးရက အမေရိကန်ဒေါ်လာ သန်းသုံးဆယ် ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း 3MDG ၏ ပြန်ကြားရေး အရာရှိ Mr.James Howlett က ပြောကြားသည်။

အဆိုပါ သန်းသုံးဆယ်ကို မြန်မာနိုင်ငံရှိ ကျန်းမာရေး ဝန်ဆောင်မှု အလိုအပ်ဆုံး ဒေသများအတွက် ကူညီပံ့ပိုးရန် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေသော 3MDG အတွက် ဆွီဒင်နိုင်ငံသည် လေးခုမြောက် အများဆုံး ကူညီသောနိုင်ငံ ဖြစ်ကြောင်း 3MDG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပနိုင်ငံ ရှစ်နိုင်ငံက 3MDG ကို ထောက်ပံ့ထားသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၃၀ နှင့် မြန်မာနိုင်ငံအတွင်း မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုများ၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက် ဖျက်ရေး၊ HIV/AIDS ရောဂါ ကျဆင်းရေးတို့အတွက် သုံးစွဲသွားမည် ဖြစ်ပြီး ယခု ဆွီဒင်နိုင်ငံ၏ ထပ်တိုး ရန်ပုံငွေကိုလည်း အဆိုပါ ကဏ္ဍများတွင် သုံးစွဲရန် လျာထားကြောင်း ဆက်လက် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက် လုပ်ကိုင်နေသော နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းများတွင် 3MDG သည် ရန်ပုံငွေအများဆုံး ထောက်ပံ့ထားသော ရန်ပုံငွေအဖွဲ့တစ်ခု ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment