address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, February 1, 2014

၆၅ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနား အထူးစည်ကား




1.2.2014

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ ၆၅ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကေအန်ယူ မဟာ ၇ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက ကလိုးယော့လေး စခန်းမှာ ကျင်းပတဲ့ အခုနှစ် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားဟာ အရင်နှစ်တွေထက် ထူးခြား စည်ကားတာကို တွေ့ရပါတယ်။

ဒီပွဲမှာ မြန်မာဘက် အခြမ်းက ကရင် လူမျိုးတွေတင် မကဘဲ ထိုင်းဘက် အခြမ်းက ကရင်လူမျိုးတွေ၊ နိုင်ငံရပ်ခြားက လာတဲ့ ကရင်လူမျိုးတွေနဲ့ စင်ကာပူ နိုင်ငံသားတွေကိုပါ တွေ့ရတာကတော့ အတော့်ကို ထူးခြားလှပါတယ်။

ဒီပွဲကို ကဗျာဘွဲ့မှူး အစရှိတဲ့ ပြည်တွင်းက အဆိုတော်တွေရဲ့ စတိတ်ရှိုး၊ ဘီဂျီအက်ဖ် တပ်မှူး ဗိုလ်မှူး ဝင်းနိုင်စိန် တည်ထောင်ထားတဲ့ ဇာတ်ပွဲ စသဖြင့် ပါဝင်တဲ့ အတွက် စတိတ်ရှိုးတို့ ဇာတ်ပွဲတို့ ငတ်နေတဲ့ ဒေသခံ ကရင်လူထုအတွက် ပွဲကြီးပွဲကောင်း ဖြစ်ခဲ့ပါတယ်။

စစ်ရေးပြ ကွင်းထဲမှာ နေရာယူထားတဲ့ ကေအန်အယ်လ်အေ စစ်ကြောင်းတွေဟာ သူတို့ရဲ့ စစ်ဦးစီးချုပ်ကို အလေးပြုပြီးတဲ့နောက် ကေအန်ယူ ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့က မိန့်ခွန်းတွေ အသီးသီး ပြောကြပါတယ်။

ဗိုလ်ချုပ်ကြီး စောဂျော်နီက အခု ကေအန်ယူက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာဟာ လက်နက်ချတာ မဟုတ်ဘဲ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက အနှစ် ၆၀ ကျော် ကြာခဲ့တဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ဖို့အတွက် လူမျိုးစု လက်နက်ကိုင်တွေနဲ့ အစိုးရကြား ကြိုးပမ်းဆောင်ရွက်နေတဲ့ ၂ နှစ် အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ ခရီးရောက်လာပြီး အောင်မြင်တဲ့ အထိဆောင် ရွက်သွားမယ်လို့ ပြောသွားပါတယ်။

BBC

No comments:

Post a Comment