address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 3, 2014

သေနတ်သံတွေနဲ့ ထိုင်းရွေးကောက်ပွဲ



3.2.2014


ထိုင်းနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မစ္စစ် ယင်းလတ်အိမ်စောင့် အစိုးရက ဦးစီးကျင်းပပေးတဲ့ ရွေးကောက်ပွဲတွေ လုပ်တဲ့နေ့လည်း ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ ရွေးကောက်ပွဲ မတိုင်ခင် မနေ့ကတော့ ဘန်ကောက်မြို့ က လမ်းတွေပေါ်မှာ မတည်ငြိမ်မှုတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာ ရ လို့ ဆေးရုံတင်ခဲ့ရတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။

ဘန်ကောက်မြို့ မြောက်ပိုင်း ရှော့ပင်းမောလ်အရှေ့မှာ မစ္စ ယင်လတ် အစိုးရ ကို ဆန့်ကျင်ဆန္ဒပြနေစဉ်အတွင်း သေနတ် ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှု အနည်းဆုံး ၂ ခုဖြစ်လို့ လူ ၆ ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မနေ့က ညနေလောက်ထိ သေနတ်သံတွေက ကြားနေရပြီး မျက်နှာဖုံး စွပ်ထားတဲ့ သေနတ်သမားတွေက ပစ်ခတ်နေတာ လို့ မျက်မြင်သက်သေတွေက ဆိုသလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း M-16 ရိုင်ဖယ်တွေကို မိုးပေါ်ထောင်ပြီး သတိပေး ပစ်ခတ်သံတွေလည်း ကြားနေရတာလို့ မြို့ခံတွေက ပြောကြပါတယ်။

မျက်မြင်တွေအပြောအရ သေနတ်ကိုင်ဆိုင်သူတွေဟာ မစ္စယင်းလတ်အစိုးရ ကို ထောက်ခံသူတွေဘက်မှာရော၊ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ဘက်မှာရော ဖြစ်တယ်လို့ ဆိုကြပါတယ်။

ပစ်ခတ်မှုတချို့ကိုတော့ မစ္စယင်လတ်အစိုးရကို ထောက်ခံသူတွေက စတင်တာလို့လည်း ဆိုကြပါတယ်။

မနေ့က တိုက်ခိုက်မှုတွေက ဒွန်မောင်လေဆိပ်အနီး Laksi ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မစ္စယင်းလတ် အစိုးရကို ထောက်ခံ သူတွေက ရွေးကောက်ပွဲကို ထောက်ခံဖို့ စုဝေးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်းပိုင်းကတည်းက ဆန္ဒပြမှုတွေ အတွင်း မှာ အကြမ်းဖက်မှုတွေ ပါဝင်လာပြီး လူ ၁ဝ ဦး သေဆုံးကာ လူပေါင်း ၅၇၇ ဦး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံနေရာအနှံ့အပြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာတော့ သေနတ်ပစ်ခတ်မှု တချို့ ရှိကြတယ်ဆိုပေမယ့် မနေ့က ဘန်ကောက်မှာဖြစ်ပွားသလိုတော့ တင်းမာမှုတွေ မတွေ့ရပါဘူး။

အခု ထိုင်းရွေးကောက်ပွဲဟာ သေနတ်သံတွေကြားက ရွေးကောက်ပွဲ တခုလို့ သတင်းတချို့က ဆိုပေမယ့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာတော့ ဒီလို သေနတ်ပစ်ခတ်မှုတွေ မရှိသလောက်ပါပဲ။

မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်က မြင်ကွင်းတချို့ကို သတင်းဌာနတွေက ဖော်ပြထားသမျှ ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

The Irrawaddy

မနေ့က ရွေးကောက်ပွဲမှာ မဲမပေးဖို့ ဆန္ဒပြနေကြတဲ့ အစိုးရ ဆန့်ကျင်ရေး အုပ်စုတခု မြင်ကွင်း၊ ဓာတ်ပုံ- EPA

No comments:

Post a Comment