address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 4, 2014

ပြည်နယ်တွင်းအဖွဲ့များကြား မှိုင်းရှင်းရေးညှိနှိုင်းမရ၍ လုပ်ငန်းရပ်ထားမှု သုံးလကြာပြီဖြစ်


4.2.2014

ကရင်ပြည်နယ်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြား ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ပူးပေါင်း ဆောင်ရွက်နေသော မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ရပ်ဆိုင်းထားသည်မှာ သုံးလကြာပြီဖြစ်သော် လည်း ပြန်လည်စတင်လုပ်ကိုင်နိုင်ခြင်းမရှိဟု မိုင်းရှင်းလင်းရေးအဖွဲ့တွင် မိုင်းစာရင်း အချက်အလက်များ တာဝန်ယူထားသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗျူဟာမှူး ဗိုလ်မှူးနိုင်မောင်ဇော်က ဖေဖော် ၀ါရီ ၃ တွင် မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်တွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းကော်မတီမှ မိုင်းရှင်းလင်းရေး၊ မူးယစ်ဆေးဝါး ရှင်းလင်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေထပ်နေသည့် တပ်ဖွဲ့ဝင်အချင်းချင်းတို့ ပစ်ခတ်မှုများမဖြစ်စေရန် စည်းကမ်းချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့သော်လည်း နိုဝင်ဘာလတွင် တပ်အချင်းချင်းစည်းကမ်းလိုက် နာမှုမရှိခြင်းကြောင့် လုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရသည်ဟုလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

၎င်းက “တစ်ဖက်နဲ့တစ်ဖက် စည်းကမ်းမလိုက်နာကြဘူး၊ သဘောတူညီချက်တွေလည်း လက်မှတ်ထိုး ပြီး မလိုက်နာကြဘူး၊ နယ်မြေထပ်တဲ့ နေရာတွေမှာ တပ်ဖွဲ့ဝင်တွေရောက်သွားရင် ပြန်အပ်နှံပေးဖို့ဆိုတဲ့ အချက်တွေလည်း မလိုက်နာကြဘူး”ဟု မိုင်းရှင်းလင်းရေး ပြန်မလုပ်နိုင်ရသည့် အခြေအနေကို ပြော သည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အား ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့မှ၂၀၁၃ ခုနှစ် ဇွန်လ ၌ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းကော်မတီဖွဲ့ခဲ့ပြီး ကဏ္ဍတစ်ခုအဖြစ် မိုင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့ကာ နိုဝင်ဘာ လတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

မိုင်းရှင်းလင်းရေး ပူးပေါင်းကော်မတီမှာ ဖွဲ့စည်းခဲ့သည့်လမှစတင်၍ တစ်လတစ်ကြိမ် အစည်းအဝေးများ ပြုလုပ်ကာ ၂၀၁၃ နှစ်ကုန်တွင် မိုင်းကုန်စင်အောင် ဆောင်ရွက်မည်ဟု သတ်မှတ်ခဲ့သည်။

ကရင်ပြည်နယ်တွင်းရှိ ကလို့ထူးဘော စစ်ဌာနချုပ် DKBA၊ KNU၊ နယ်ခြားစောင့်တပ်၊ KNU/KNLA(PC)၊ ဘုရားကုန်း ဗိုလ်ချုပ်အောင်ဆန်းတပ်ဖွဲ့တို့မှ ပူးပေါင်းကာ မိုင်းရှင်းလင်းရေး၊ မူးယစ်ဆေးဝါးရှင်းလင်းရေး များကို တပ်ဖွဲ့ဝင်များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မိုင်းရှင်းလင်းရေးအဖွဲ့မှ လေးလကြာ မိုင်းရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး မိုင်းဖော်ရန်ခက်ခဲပြီး အများဆုံးကျန် ရှိနေသည့်ဒေသမှာ ကလို့ထူးဘောစစ်ဌာနချုပ် DKBA ထိန်းချုပ်နယ်မြေ၊ မြိုင်ကြီးငူတစ်ဝိုက်နှင့် မီဆိုင်း ဒေသတို့ဖြစ်သည်ဟု ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက်၊ ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူးကြီးကျော် သက်က ဆိုသည်။

မြေမြှုပ်မိုင်းများ၏သဘောအရ မြှုပ်ထားသည့်ရေမြေအရ နှစ်ကာလရှည်ကြာလာသည့်အခါတွင် ဘေး နားမှ ကွာကျလာကာ မိုင်းအနေအထားပျက်စီးပြီး အဓိက ပေါက်ကွဲရန်နေရာသာ ကျန်ရှိတော့သဖြင့် ပြန် လည်ဖော်ရန်ခက်ခဲနေသည့် အနေအထားများရှိကာ မိုင်းမြှုပ်နှံသည့်တာဝန်ခံများ တိုက်ပွဲကာလအတွင်း ကျဆုံးသွားသဖြင့် မြေပုံပျောက်ဆုံးပြီး ပြန်လည်တူးဖော်ရခက်နေသည့် အခြေအနေများလည်း ရှိသည် ဟု ဗိုလ်မှူးကြီးကျော်သက်က ဆိုသည်။

တူးဖော်ရန်ခက်ခဲသည့် နေရာများတွင် ဒေသခံများ သွားလာမှုမရှိစေရန် စာခြောက်ရုပ်များ၊ ဆိုင်းဘုတ် များဖြင့် “မသွားလာရ အန္တရာယ်ရှိသည်”ဟူသည့် ဆိုင်းဘုတ်များ၊ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားမှုများကို ၂၀၁၃ ခုနှစ် သြဂုတ်လက သတိပေးထားပြီး ဖြစ်သည်။

Mizzima

No comments:

Post a Comment