6.2.2014
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖားကန့်ဒေသ ကရင်ချောင် ကျေးရွာသား လက်လုပ်လက်စား ဆယ်ဦးခန့်ကို ကေအိုင်အေ ရင်း (၆) တပ်စခန်းတည်ရှိရာ ဂျာလီယန်သို့ခေါ်ယူ၍ ဆက်ကြေးများကို တောင်းခံ ခဲ့ကြောင်းဒေသခံများကဆိုသည်။
အင်းတော်ကြီးဒေသ ရွာသစ် ကျေးရွာတွင်လည်း ဇန်န၀ါရီ ၂၃ ရက်နေ့က တစ်အိမ်လျှင် ဆန် ၃ အိတ်ပေးဆောင်ခဲ့ရပြီး ဆန်မပေးနိုင်သည့်လူများ ငွေ ၆ သောင်းကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမူးကိုယ်တို င် ကောက်ခံပေး ခဲ့ရကြောင်းသိရသည်။ အဆိုပါကျေးရွာရှိ ဆင်များကိုလည်း တပ်သစ် တည်ရန် အတွက် ချောဆွဲသွားခဲ့ကြောင်းလည်းသိရသည်။
'' ဘုန်းကြီးကျောင်း ဆောက်ဖို့လုပ်နေတာတောင် နေလို့မရဘူး။ ခိုင်းတဲ့ဆင်ကို အတင်းခေါ်သွားတယ်။ " ဟု အဆိုပါ ကျေးရွာနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ထို့ပြင် မိုးညှင်းမြို့နယ် နန်းမားဒေသ အင်းကုန်း ကျေးရွာအုပ်စုရှိ ကန်ကုန်းလေးကျေးရွာ ၊ ဘိုကုန်းကျေးရွာ ၊ အင်းကုန်း ကျေးရွာ တို့တွင်လည်း သစ်စက်က ၁ သိန်းခွဲ ဆန်စက်က ၁ သိန်း ဆင်တစ်ကောင် လျှင် ငါးသိန်းခန့် အား နန်းမား ရန်အောင်ရပ်ကွက် အိမ်အမှတ် (၃၃) နေ ကေအိုင်အေ ရင်း ၅ တာဝန်ခံ ဦးနော်ဆန်းနှင့် ဦးတန်ဂွန်းတို့ကိုယ်တိုင် ကောက်ခံလျှက်ရှိကြောင်း ဒေသခံများကဆိုသည်။
အစိုးရနှင့် ကေအိုင်အို/ ကေအိုင်အေ တို့၏ နောက်ဆုံး ပြုလုပ်သော ငြိမ်းချမ်းရေးသဘောတူညီချက် နှစ်ဖက်လိုက်နာရန်အချက် (၁) (င) တွင် ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းများ ရယူခြင်းမပြုလုပ်ရဟူ၍ဖော်ပြပါရှိသည်။
ရှမ်းနီသတင်းဋ္ဌာန
No comments:
Post a Comment