13.2.2014
နိုင်ငံတော်အစိုးရသည် ကလေးလုပ်သားများအရေး အရေးတကြီး ထည့်သွင်းစဉ်းစားရန် လိုကြောင်းနှင့် ၎င်းအနေဖြင့် လာမည့် တိုင်းလွှတ်တော်တွင် ကလေးသူငယ်လုပ်သား အခွင့်အရေးဆိုင်ရာ မေးခွန်းများ၊ အဆိုများကိုလည်း တင်သွင်း မေးမြန်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ကလေးလုပ်သားတွေ ပပျောက်ဖို့ဆိုရင် အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရကလည်း အာရုံမစိုက်ဘူး။ ကလေးတွေအနာဂတ်ကို ခေါင်းထဲကို မထည့်ဘူး”ဟု ဒေါက်တာလှမြသွေးက ပြောသည်။
၎င်းက ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်ပြီး လွှတ်တော်တွင် အဆိုတင်နိုင်ရန် ပြည်ပရောက်မိတ်ဆွေများ အမိမြေပြန်ရောက်သည့်နောက်ပိုင်း တွင် စုပေါင်းဖွဲ့စည်းထားသည့် လူမှုရေး အဖွဲ့တစ်ဖွဲ့နှင့် ဧရာဝတီတိုင်းအတွင်းရှိ မိသားစုများကို စစ်တမ်းကောက်ယူလျက်ရှိသည်ဟု ဆိုသည်။
“င၀န်မြစ်အနောက်ခြမ်းက ကျေးရွာပေါင်း၂၀ ကို စပြီး စစ်တမ်းကောက်ဖြစ်တယ်။ မိသားစုတွေထဲမှာ ကလေးငယ်တွေ မူလတန်းပြီးရင် ကျောင်းမထားနိုင်ကြတာတွေ ရှိနေတယ်။ ဒါ့ထက် တချို့မိသားစုတွေ မှာ ကလေးက ၀င်ငွေရှာပေးနေရတယ်”ဟု ပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်က ဧရာဝတီ တိုင်း လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပခဲ့ပြီး၊ ကလေးသူငယ်အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက် ရေးကိစ္စများ ဆွေးနွေးခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှာ တာဝန်ရှိသူတစ်ဦးက ဆွေးနွေးရာတွင် ကလေးသူငယ်လုပ်သားများ ရှိနေခြင်း နှင့် ခိုင်းစေနေကြသည့် လုပ်ငန်းရှင်အသီးသီးသို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို နေရာစုံ လိုက်လံရှင်းပြ ပြောဆိုနေကြောင်း သုံးသပ်ပြောဆိုသည်။
“ကလေးတွေကို ၁၄ နှစ်ကျော်မှာ အလုပ်လုပ်ခိုင်းခွင့်ရှိတယ်။ ခိုင်းရင်လည်း တစ်နေ့ကို လေးနာရီပဲ အ လုပ်လုပ်ခိုင်းလို့ရတယ်။ ပြဿနာဖြစ်လာ ပေါ်လာမှ စိစစ်ဆောင်ရွက်နိုင်တယ်။ ကျွန်မတို့အနေနဲ့ လုပ် ငန်ရှင်းတွေကို ကလေးသူငယ်ဆိုင်ရာဥပဒေတွေကို အသိပညာပေး ဆွေးနွေးတယ်။ ပြည်သူတွေ ပူး ပေါင်းပါဝင်ဖို့လည်း လိုအပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေ တယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းထားပြီး၊ ဥပဒေကို အပြည့်အ၀ အကောင်အထည်မဖော်နိုင်ကြောင်း၊ ကလေးသူငယ်များအခွင့်အရေးများ၊ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် နှင့် ကာကွယ်စောင့်ရှောက်ခွင့်နှင့် လူအဖွဲ့အစည်းအတွင်း ပါဝင်ခွင့်များ ဆုံးရှုံးနေကြောင်းလည်း တက် ရောက်ဆွေးနွေးသူများက ဝေဖန်ထောက်ပြမှုများရှိနေသည်။
လက်ဖက်ရည်ဆိုင်တွင် တစ်လလုပ်အားခ ၁၀၀၀၀ ကျပ်ကျော်နှင့် လုပ်ကိုင်ရပြီး၊ အလုပ်ချိန်ကို နံနက် စောစော ည ၁၁ နာရီကျော်အထိ လုပ်ကိုင်ရသည်ဟုလည်း ပုသိမ်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ အသက် ၁၄ နှစ်အရွယ် စားပွဲထိုးတစ်ဦးက ဆိုသည်။
ကလေးသူငယ် အလုပ်ခိုင်းစေနေမှုများနှင့်ပတ်သ က်ပြီး ဒေါက်တာလှမြတ်သွေးက “လူတွေက ကလေး တွေအနာဂတ် ဘယ်လောက်အရေးကြီးတာ လူတိုင်း သိဖိုလိုတဲ့၊ ကလေးမိဘတွေ၊ ကလေးတွေ ခိုင်းဖို့ ခေါ်ထားသူတွေ၊ အားလုံး သိဖို့လိုတယ်”ဟု ဆိုသည်။
Mizzima
No comments:
Post a Comment