တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
“တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးကိစ္စပဲ၊ နှစ်ဖက်အနေနဲ့ မူကြမ်းတွေကို ထပ်ပြီး တိုက်ဆိုင်စစ်ဆေးမယ်။ လိုနေတာတွေကို ညှိနှိုင်းမယ်ပေါ့”ဟု ပြောသည်။
အစိုးရနှင့်တိုင်းရင်းသားများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီ
“ရန်ကုန်ဆွေးနွေးပွဲမှာ ခေါင်းစဉ်အတိအကျနဲ့ ဆွေးနွေးမှာမဟုတ်ဘူး၊ အပစ်ရပ်ရေး သဘောတူညီမှုယူ တဲ့အခါမှာ ခိုင်မာတဲ့ သဘောတူညီမှုဖြစ်အောင် တွေ့ဆုံညှိနှိုင်းတဲ့သဘောပါ၊ လာပြီးဆွေးနွေးတဲ့အခါ NCCT က အကုန်လုံးတော့ ပါမလာဘူး၊ ခေါင်းဆောင်တချို့ပဲ ပါမယ်”ဟုလည်း ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
တွေ့ဆုံခြင်းနှင့်ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ဖေဖော် ၀ါရီအတွင်း တွေ့မည်ဟု မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ် ညီလာခံ ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ၌ လိုင်ဇာတွင် ကျင်းပဆွေးနွေးခဲ့စဉ် NCCT အဖွဲ့ကို ဖွဲ့စည်းပြီး အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု မူဘောင်ရေးဆွဲရန် တာဝန်ယူခဲ့သည်။
ဒုတိယအကြိမ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ညီလာခံကိုမူ ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်အထိ ကရင်ပြည်နယ်၊ KNU နယ်မြေ တပ်မဟာ(၇)၊ လေးဝါး (ခေါ်) လော်ခီးလာ တပ်စခန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် စသည်တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၆၀ ဦးတို့ ဆွေးနွေးခဲ့ကြ ကာ NCCT ၏ မူကြမ်းကို အပြီးသတ် သဘောတူညီနိုင်ခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသားများ တွေ့ဆုံမည့် ဘားအံတွေ့ဆုံပွဲတွင် နှစ်ဖက် အပြီးသတ် သဘောတူညီမှုရရှိ ပြီးသည်အထိ ဆွေးနွေးရန် ရည်ရွယ်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အ ခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် လတ်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေး နွေးမှု မူဘောင်များ ရေးဆွဲရန်၊ ထို့နောက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
လော်ခီးလာညီလာခံမှ အပြီးသတ်ထုတ်ပြန်ချက်မူကြမ်းကို
ထို့ပြင် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် မိုင်းလားတပ်ဖွဲ့ စသည့် အဖွဲ့အစည်း များ ညီလာခံသို့ လာရောက် ဆွေးနွေးခြင်းမရှိခဲ့ပေ။ ဘားအံတွေ့ဆုံပွဲ ပြီးစီးသည်နှင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးနိုင်ရန် နှစ်ဖက်ခေါင်းဆောင်များက မျှော်မှန်းထားကြသည်။
Mizzima
No comments:
Post a Comment