address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 6, 2014

ဖယ်ဒရယ်ဖွဲ့စည်းပုံအတွက် တိုင်းရင်းသားပါတီတောင်းဆို




6.2.2014

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေ အားလုံးအကြားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့နဲ့ ဖယ်ဒရယ် ဖွဲ့စည်းပုံ တစ်ခုဖြစ်လာဖို့အတွက် ညီနောင်တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်းက အချက် ၇ ချက်ပါတဲ့ ကြေညာ ချက် တစ်ဆောင်ကို မနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်းရင်းသား အသိပညာရှင်တွေ၊ အတက်ပညာရှင်တွေ ထည့်သွင်းဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်နယ်နဲ့ ဗဟို အာဏာ ခွဲဝေမှုကို ပြန်လည် ပြုပြင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါနေတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ
ကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲက ရွေးချယ်ဖို့ တိုက်တွန်းထား
တယ်လို့လည်း ညီနောင်တိုင်းရင်းသား ပါတီများ ဖယ်ဒရေးရှင်း အဖွဲ့ဝင် ကျားဖြူ ပါတီက အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က အခုလို ပြောပါတယ်။

“အရေးအကြီးဆုံးက ဆိုတော့ လာမယ့် ဖွဲ့စည်းပုံ အခုလက်ရှိ လွှတ်တော်မှာ ပြုပြင်မယ့် ဖွဲ့စည်းပုံမှာပေါ့နော်။ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်သည် ရွေးကောက်ခံ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် များထဲမှ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ရန် တိုက်တွန်းသည်။ လက်ရှိ ဖွဲ့စည်းပုံ အရတော့ ပြည်နယ် ဝန်ကြီးချုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် အားလုံးကို သမ္မတက တိုက်ရိုက်ခန့်တယ်ဗျ။ အဲတော့ ကျွန်တော်တို့မှာ အဆင်မပြေဘူး။ အဲတော့ ကျွန်တော်တို့က ဒီအချက်ဟာ လာမယ့် ဖွဲ့စည်းပုံ ပြုပြင်ရေးမှာ ကျွန်တော်တို့အတွက် ကျွန်တော်တို့ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားအားလုံးအတွက်က တကယ့် အရေးကြီးဆုံး အချက်ဖြစ်တယ်ဗျ။”

ဖယ်ဒရယ် ပြည်ထောင်စု စနစ်ရဲ့ အရေးကြီးဆုံး အချက်ဖြစ်တဲ့အတွက် သမ္မတက တိုက်ရိုက် ခန့်အပ်တဲ့ စနစ်ဟာ ဖယ်ဒရယ် ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့လည်း ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် ပါဝင်မှုအချိုးအစားကိုလည်း တစ်ဖြည်းဖြည်း လျော့ချ သွားဖို့လည်း
တောင်းဆိုခဲ့တယ်လို့ ဦးစောသန်းမြင့်က ဆက်ပြောပါတယ်။
“လွှတ်တော်အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို လျော့ချသွားရန် တိုက်တွန်းသည်။ အခုကတော့ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အခြေခံ ဥပဒေထဲမှာ ထည့်သွင်းပြီးသား ဖြစ်တယ်ပေါ့။ ဒါပေမယ့် နိုင်ငံရေး အခြေအနေကောင်းလာတဲ့ အခါကျရင် ဖြည်းဖြည်းနဲ့ ကိုယ့်နိုင်ငံရဲ့ ကျွန်တော့်တို့ဟာ ဒီမိုကရေစီစနစ်ကို ချီတက်သွားမယ်ဆိုရင်
နောင်တစ်ချိန်မှာ တပ်မတော်ဟာ လွှတ်တော် သို့မဟုတ်ရင် အစိုးရ အဖွဲ့မှာ ပါဝင်ဖို့ နောင်တစ်ချိန်မှာ မလိုအပ်တော့ဘူးလို့ ယူဆတယ်။”

အခုလို တပ်မတော်သား ကိုယ်စားလှယ် လျော့ချဖို့တွေအပါဝင် နောင်
လာမယ့် ရွေးကော်ပွဲမှာ ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတွေဟာ မဲပေးပိုင်ခွင့်ကို ထိမ်းချုပ်ကန့်သက်ဖို့လိုတယ်လို့ ဆက်လက်ပြောဆိုပါတယ်။
မနေ့က ထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသား ဘာသာတွေကို သင်ရိုးတန်း စာပေတွေမှာထည့်သွင်းပေးဖို့ နဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး သတ်မှတ်
တာကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးလို့ သတ်မှတ်ထားတဲ့နေရာမှာ ပြန်
လည် လျော့ချဖို့အတွက် တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသား
ခေါင်းဆောင်တွေကလည်း ပြင်ဆင်နေတယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment