address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 10, 2014

FDA ၏ သဘောထား ထုတ်ပြန်သွားမည်


10.2.2014

ဖက်ဒရယ်ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၁ ခု ပူးပေါင်းထားသည့် (FDA)၏ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ် မည့် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးပြီး သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောသည်။

“အဓိကပါတီပေါင်းစုံပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ ပါတီနဲ့ပတ်သက်လို့ လတ်တလော ဘာတွေဖြစ်နေ လဲဆိုတာ ဆွေးနွေးမှာပါ။ ငြိမ်းချမ်းရေးကိစ္စလား။ လယ်ယာလား။ သဘာဝသယံဇာတ ထုတ်ယူရေးနဲ့ပတ် သက်တဲ့ကိစ္စတွေ ဆွေးနွေးမှာပါ”ဟု ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)ကို ပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားရာတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၊ မြန်မာလူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီတို့ ပါဝင်သည်။

Mizzima

No comments:

Post a Comment